|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဖွယ်ဖွယ်ရာရာ အာဟာရဟင်းလျာများ
-
-
Author(s):
ဦးမျိုးမြင့်ဝေ
- Type: Myanmar Books
-
Category:
အချက်အပြုတ်
- No of Pages: 46
- Binding: Paperback
- Publication Month Year: Sep
- Size: 16 cm x 21 cm
|
- Description: ယခုခေတ် ယနေ့ကာလသည် ဘဝတွင် လူတို့မည်သို့ ကျန်းမာစွာရှင်သန်နေမည်နည်းဟူသောမေးခွန်းကို မှန်ကန်စွာဖြေဆိုနိုင်ရန် ကမ္ဘာနှင့်အဝှမ်း ကြိုးစားရှာဖွေနေချိန်ဖြစ်သည်။ ဤတွင် အစားအစာကဏ္ဍသည် အရေးကြီးဆုံးအပိုင်း၊ အလေးထားရဆုံးအခန်းမှ ပါဝင်လာသည်။ လူဟူသည် အသက်ရှင်နေသမျှကာလပတ်လုံး အစားအစာနှင့် ကင်း၍မရနိုင်ပါ။ ထို့ကြောင့်လည်း မှန်ကန်သော အစားအသောက်ရွေးချယ်မှုများ၊ အာဟာရြုပည့်ဝသော ဟင်းလျာချက်ပြုတ်နည်းများက ရှေ့တန်းသို့ရောက်လာခဲ့သည်။ ကျန်းမာရေးရှုထောင့်အမြင့်ဖြင့်ရွေးချယ်ချက်ပြုတ်ထားသော ဟင်းလျာသည် စားသုံးသူများကို ကျန်းမာစေသည်။ သန်စွမ်းစေပါသည်။ ရောဂါဘယများကိုလည်း ကာကွယ်ပေးနိုင်ပါသေးသည်။ ဤသို့မဟုတ်ဘဲ မိမိနေ့စဉ်စားသောက်နေသည့် အစားအစာများကို ကြုံသလို ဖြစ်သလို စားချင်သလိုသာ လျှောက်စားနေမည်ဆိုလျှင်တော့ ကျန်းမာရေးနှင့်မညီညွတ်နိုင်ပါ။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုစုထားသည့် ဤဟင်းလျာချက်ပြုတ်နည်းစာအုပ်သည် ကျန်းမာသန်စွမ်းလိုသူများအတွက် အထူးအကျိုးသက်ရောက်မှု ရှိပါလိမ့်မည်။ ဤစာအုပ်တွင် အသား ငါး အသီးအရွက်များကို သင့်တင့်မျှတစွာချက်ပြုတ်စားနိုင်ရန် ဟင်းလျာအမျိုးပေါင်း (၄၆)မျိုးကို ချက်နည်းနှင့်တကွ ချက်ပြီးပြင်ဆင်ထားပုံများကို ပုံနှင့်တကွ စားချင့်စဖွယ်ပြသထားပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|