|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အမေကျော် ဒွေးတော်မလွမ်းရာ
-
-
Author(s):
တက္ကသိုလ်ဘုန်းဆင့်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 90
- Binding: Paperback
- Publication Month Year: May-2000
- Size: 11 cm x 18 cm
|
- Description: စာရေးသူသည် သီရိလင်္ကာမှ ဘုန်းတော်ကြီး ဝါပိုလာ ရာဟုလာရေးသားသော ကမ္ဘာကျော် What the Buddha Taughtစာအုပ်ကို ဖတ်ရှုပြီးနောက် ဗုဒ္ဓဘာသာအကြောင်း တင်ပြပုံနှင့် ပတ်သက်၍ ဘဝင်မကျသော အချက်များကို တွေ့ရှိခဲ့ရာ ဤစာအုပ်တွင် ထိုအချက်များကို ဆွေးနွေးထားခြင်းဖြစ်သည်။ နိဗ္ဗာန်ကို ဖော်ပြရာ၌ မှားယွင်းသော ဥပမာကို မသုံးအပ်ပုံ၊ တရားအားထုတ်လိုသူများအတွက် လက္ခဏာအရေး (၃) ပါး၊ အနတ္တသည် ကိုယ်ပိုင်မဟုတ်ပုံ၊ နိဗ္ဗာန်နှင့် ဒုက္ခသစ္စာကို ရှင်းလင်းရာ၌ အရိယာတစ်ဦး၏ ရှုမြင်ပုံနှင့် အတော်ကွာဟပုံအပါအဝင် မူရင်းစာအုပ်ပါ သံသယဖြစ်ဖွယ် အချက်အလက်များကို ပိဋကတ်လာ အချက်အလက်များနှင့် တိုက်ဆိုင်ကာ ဆွေးနွေးထားသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ လေ့လာလိုပါက နိုင်ငံရပ်ခြားမှ ထုတ်ဝေဖြန့်ချိသော စာအုပ်များထက် မြန်မာနိုင်ငံမှ ပညာရှိ ပညာတတ် ရဟန်းရှင်လူများကိုယ်တိုင် ပိဋကတ်အထောက်အထားများဖြင့် ရေးသားထားသော စာပေများက ပိုမိုသင့်လျော်ကြောင်း သိရှိစေရန် ရည်ရွယ်၍ စာအုပ်အမည်ကို အမေကျော် ဒွေးတော်မလွမ်းရာဟု အမည်ပေးထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|