|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဓမ္မဒူတ (အတွဲ ၁)
-
-
Author(s):
ဓမ္မာစရိယဦးဌေးလှိုင်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 380
- Binding: Paperback
- Publication Month Year: Dec-1985
- Size: 15 cm x 23 cm
|
- Description: မြန်မာနိုင်ငံ သာသနာ့သမိုင်းတွင် ဒါန, သီလ, ဘာဝနာနှင့် ပတ်သက်၍ မြန်မာတို့၏ ကျင့်စဉ်ဖြစ်ရပ်များကို ဓမ္မာစရိယဦးဌေးလှိုင် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ အတွဲ ၃ တွဲ ခွဲကာ ရေးသားခဲ့ထားပြီး အတွဲတိုင်းတွင် ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာနှင့် သာသနာဝံသကထာဟူ၍ အခန်းအမည်များ ခွဲခြားထားသည်။ ပထမတွဲ၏ ဒါနကထာခန်းတွင် ဆရာတော်ဦးဗုဓ်နှင့် နန်းမတော်မယ်နု ကျောင်းအလှူ၊ စံကင်းဆရာတော်နှင့် ဗေဒင်၊ မော်လမြိုင်သူဌေး ဦးဇိန၊ ပဲခူးသူဌေး ဦးစိန်ဝင်း၊ မောင်းထောင်သူဌေး ဦးဆုရအပါအဝင် ဒါနသူဌေး ၁၇ ဦးအကြောင်းကိုလည်းကောင်း၊ သီလကထာခန်းတွင် လုပ်အားခ အပြည့်မပေး၍ ကျွဲဝင်စားဖြစ်ရသူ ဒေါ်ဌေး၊ ငွေ ၂ဝဝ မြေပါ၍ ဘုရားဒကာတစ်လှည့် နွားတစ်လှည့်ဖြစ်ရသူ၊ ဈေးချိုနားက ပြိတ္တာများ၊ ပြိတ္တာကြီး ဦးဘိုးဟန်နှင့် နန္ဒဝန်ဆရာတော်အပါအဝင် ဖြစ်ရပ်ဆန်းကြယ်များကိုလည်းကောင်း၊ သဂ္ဂကထာတွင် စက်တော်ရာ ရွှေ့ပြောင်း၍ မျက်စိကွယ်ရသူ၊ ဦးအောင်ဇေယျ ရုပ်ပွားနှင့် ဂဠုန်ဦးစော၊ ကမ္ဘာလှည့်၍ ဂြိုဟ်မွှေနေသော ပုဂံဘုရားက စိန်ကြီး၊ ဘီလူးကြီးကို အနိုင်ရလိုက်သော ဆရာတော်၊ အိန္ဒိယပြန် ဆင်းတုတော်အပါအဝင် ဖြစ်ရပ်များကိုလည်းကောင်း၊ မဂ္ဂကထာတွင်မူ ကမ္မဋ္ဌာန်းရူးမ မိနှင်းမြ၊ ဝမ်းတွင်းအလုံးကြီးပျောက်သူ ဒေါ်ခင်ထွေး၊ မြန်မာအဂုၤလိမာလ (သို့) ဝါးခယ်မ သခင်အောင်သင်းအပါအဝင် တရားအကျိုး လက်တွေ့ခံစားရသူများအကြောင်းကိုလည်းကောင်း၊ သာသနာဝံသကထာတွင် မဏိပူရ အာသံပြည် သာသနာဝင်နှင့် ဗြဟ္မပုတြမြစ်ရေပြင်မှာ ခြေလျင် ကြွနင်းခဲ့သော အာသံသာသနာပြု ရာဇဂုရု ပယင်းတွင်းဆရာတော်အပါအဝင် သာသနာဝင်မှတ်တမ်းများကိုလည်းကောင်း စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|