|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာပြည်၏ စာပေကင်ပေတိုင်အဖွဲ့ဟု အမည်တပ်ထားခြင်း ခံရသည့် စာပေစိစစ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သည့်အပြင် ကိုယ်တိုင် စာလည်းရေးသော စာရေးသူက ဤစာအုပ်တွင် သူ၏ အတွေ့အကြုံများကို ဆောင်းပါးများခွဲ၍ စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။ စာရေးသူသည် စစ်တပ်အတွင်း ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုမှတဆင့် နယ်ဘက်သို့ ကူးပြောင်းလာသူတစ်ဦးဖြစ်သည်။ ထို့ပြင် စာရေးသူသည် စစ်ရေး အတတ်ပညာနှင့် သေနင်္ဂဗျူဟာများကို စိတ်ဝင်တစား သုတေသနပြု လေ့လာခဲ့သူဖြစ်ပြီး ယခင်ကလည်း စစ်ရေးနှင့် စစ်ရေးဗျူဟာဆိုင်ရာ စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ယခုစာအုပ်တွင်မူ ခေတ်အလိုက် ပြောင်းလဲလာသော စစ်ပွဲသဏ္ဍာန်များ၊ တရားသော စစ်အကြောင်း၊ အီရတ်ကပေးသော ဒီမိုကရေစီ သင်ခန်းစာ၊ လွယ်မယောင်နှင့် ခက်၊ တိမ်မယောက်နှင့် နက်နေရသော အသွင်ကူးပြောင်းရေး၊ သူတို့ပြောသော ကျွန်တော် စာပေကင်ပေတိုင်၊ စစ်ဆိုတာ ငြိမ်းချမ်းရေးအတွက်လား၊ အမှတ်ထားရုံပဲလား၊ အကျင့်ရော ပြောင်းကြဖို့လား၊ အချိန်ရယ် အခြေအနေရယ် အပြောင်းအလဲရယ်၊ ကိုယ်ခံအားတွေ ကောင်းစေဖို့ စာဖတ်အလေ့အထ မြှင့်တင်စို့ အပါအဝင် ဆောင်းပါး ၂ဝ ပုဒ်ပါဝင်သည်။ သူ၏ စစ်ရေးအတွေ့အကြုံများ၊ လေ့လာမှတ်သားဖူးသော စစ်ရေးဗျူဟာများ၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းအကြောင်းအရာများ၊ စစ်တပ်နှင့် မြန်မာနိုင်ငံရေး၊ စာပေစိစစ်ရေးရုံး၏ လုပ်ထုံးလုပ်နည်းများကို ပွင့်ပွင့်လင်းလင်း စိတ်ဝင်စားဖွယ် တင်ပြထားခြင်း ဖြစ်သည်။ အမည်းရောင်စာရေးဆရာဟု နာမည်ပေးခြင်းခံရသည့် ဆရာလူထုစိန်ဝင်းက ဤစာအုပ်တွင် အမှာစာရေးပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|