|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ငမဲကျွန်
-
-
Author(s):
စစ်ကိုင်းဦးဘိုးသင်း
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 332
- Binding: Paperback
- Publication Month Year: Dec-2020
- Size: 13 cm x 21 cm
|
- Description: မဇ္ဈိမဒေသ၌ ဂေါတမ မြတ်စွာဘုရားသခင် ပွင့်တော်မမူမီခေတ်က စကုလယ်ကိုင်းရပ်သည် သုနာပရန္တတိုင်းကြီး၏ တက္ကသိုလ်ပြည်ကြီးဖြစ်၍ ဒိသာမိမောက္ခ ဆရာကြီး နေထိုင်ရာ မြို့ဖြစ်ခဲ့သည်။ သူ့တွင် အတိုင်းတိုင်းမှ တပည့်များရှိကြရာ ၎င်းတပည့်များအနက် ငမဲသည် အထင်ရှားဆုံးဖြစ်သည်။ သူ၏ အသားသည် အလွန်မည်းနက်၍ နက်လုမတတ် ပြောင်လက်ကာ၊ အရပ်မှာ ငါးတောင်ခန့်ရှည်၍ အလွန်ဝိုင်းသော ဦးခေါင်း၊ အလွန်ကျယ်ပြန့်သော နဖူး၊ ကားလျက်ရှိသော နား၊ ကျယ်ပြန့်သော ရင်အုပ်၊ သေးသော ခါး၊ ဖြူ၍ ဖြောင့်စင်းသော ခြေလက်၊ ဖယောင်းတိုင်များ ထောင်ထားဘိသကဲ့သော လက်ချောင်းများနှင့် ဖုထစ်သော အဆစ်အမြက်တို့ကင်းလျက် ပြေပြစ်သော ကိုယ်လုံးရှိသည်ဟု ဆိုသည်။ အိန္ဒိယ ကာလီဒါသကဲ့သို့သော မိန်းမနှင့် ပတ်သက်သည့် ပြဿနာအထွေထွေကို ငမဲက ပညာဉာဏ်ဖြင့် ဖြေရှင်းခဲ့ပုံများကို ဤစာအုပ်တွင် အသေးစိတ်ဖတ်ရှုရမည်ဖြစ်သည်။ ဤစာအုပ်အကြောင်းကို ဆရာကြီးဒဂုန်ရွှေမျှားက “ .. ရှေးလူကြီးများ၏ အရေးအသား ထုံးနည်းတစ်မျိုး ဖြစ်သည့်အပြင် မှတ်သားဖွယ်ရာ အများပါရှိသည်။ ...”ဟူ၍ချီးမွမ်းထားသည်။ ဤစာအုပ်ဖြင့် စာရေးသူသည် ၁၉၅၄ ခုနှစ် စာပေဗိမာန်ဆုရဝတ္ထုဆုကို ရရှိခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|