|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပါဝါ၏ ဥပဒေသ ၄၈ ချက်
-
-
Author(s):
နေဇင်လတ်
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 459
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 14 cm x 21 cm
|
- Description: Robert Greene၏ Laws of Powerကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာအုပ်သည် ငါးကြိမ်မက ပြန်လည်ရိုက်နှိပ်ရသော နိုင်ငံတကာ Best Sellerစာရင်းဝင် စာအုပ်ဖြစ်သည်။ တချို့လူများသည် ပါဝါအတွက် ရှင်သန်ကြရာ ဤစာအုပ်တွင် ပါဝါရစေရန် နည်းလမ်းများကို သမိုင်းဖြစ်စဉ်များမှ ထုတ်နုတ်ဥပမာပေးထားသည်။ ထိုနည်းလမ်းများတွင် ပါဝါရရှိရေးအတွက် ကြေကွဲစွာ ရက်စက်ရသည်များလည်း ရှိသလို ညင်သာစွာ ပါဝါရရှိခဲ့သူများကိုလည်း တွေ့နိုင်မည်ဖြစ်သည်။ နည်းလမ်းတစ်ခုချင်းစီကို ရှင်းလင်းထားရာတွင် အကဲဖြတ်ချက်၊ ဥပဒေစည်းဖောက်ခြင်း၊ ရှင်းလင်းချက်၊ ဥပဒေအား လေ့လာကြည့်ရှုခြင်း၊ ပါဝါရရှိရေးအတွက် သော့ချက်များဟူ၍ ခေါင်းစဉ်ငယ်များ ခွဲခြားရှင်းလင်းထားသည်။ ရောမ၊ အမေရိကန်၊ တရုတ်၊ ပြင်သစ် အပါအဝင် ကမ္ဘာ့သမိုင်းတစ်လျှောက် စီးပွားရေးနှင့် စစ်ရေးတို့တွင် ပါဝါရှိရေးအတွက် အပြန်အလှန် ဉာဏ်ကစားခဲ့ကြပုံများနှင့် ထိုသူတို့၏ အောင်မြင်မှု ကျရှုံးမှုများကို သင်ခန်းစာယူပြီး စာဖတ်သူများ မိမိတို့ အလိုရှိရာ ပါဝါရရှိရေးတွင် လက်တွေ့အသုံးချနိုင်ပုံများကို အသေးစိတ် သုတေသနပြုရေးသားထားသည်။ “ဤစာဖတ်ပြီး လိုက်နာကျင့်သုံးနိုင်လျှင် ပါဝါရရှိနိုင်သဖြင့် တလွဲသုံးသူများအတွက် စိုးရိမ်ဖွယ်ရာ ရှိရပါသည်”ဟုပင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|