|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံမှ ထူးခြားဆန်းကြယ် ဖြစ်ရပ်ဆန်းများကို မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ပရိပတ္တိစာပေများကို လေ့လာဆည်းပူးစဉ် ၁၆ နှစ်အရွယ်၌ အင်္ကျီ ထမီချွတ်၍ စိတ်ရောဂါရှင်ဘဝသို့ ရောက်ရှိခဲ့သူ မင်းကွန်းဆရာတော်၏ တူမအကြောင်း၊ လျှပ်စစ်မီးပျက်နေစဉ် အလိုအလျောက် မီးဖွင့်/ပိတ်နေသည့် ပုဇွန်ထောင်မြို့နယ်က အမှားအယွင်း၊ အလိုလိုနေရင်း အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ မီးထလောင်နေသည့် တောင်ဒဂုံမှ အိမ်တစ်အိမ်၊ နံစောင်းများတွင် အင်္ကျီချုပ်အပ်များ ရှိနေသဖြင့် ၂ ကြိမ်တိုင်တိုင် ခွဲစိတ်ထုတ်ယူခဲ့ရသော လူဝင်စားတစ်ဦး၊ ဓမ္မတာသွေးသွန်ရောဂါကြောင့် အခက်တွေ့နေရာမှ ဘဝဟောင်းမှ ဖခင်ဆိုသူ မြန်မာနိုင်ငံမှ ဆရာရှိန်းကိုယ်တိုင် ကုသပေးမှုကြောင့် ရောဂါပျောက်ကင်းခဲ့သူ ဂျပန်သူဌေးသမီး၊ မိမိကိုယ်ကို သေကြောင်းကြံရန် ကြံစည်နေသည့် ဂျာမန်သူတစ်ဦးနှင့် ဆရာရှိန်း၊ ဆရာဝန်၊ ဆေးကျောင်းသားများအား ၉၆ ပါးရောဂါနှင့် ပယောဂခွဲခြားပုံကို ပို့ချပေးခဲ့သည့် ဆရာရှိန်းအပါအဝင် မယုံကြည်နိုင်လောင်သော ဖြစ်ရပ်ဆန်းများနှင့် နောက်ခံမှ အကြောင်းရင်းများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|