|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ စစ်တမ်း
-
-
Author(s):
အရှင်ပညိန္ဒာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 120
- Binding: Paperback
- Publication Month Year: 2009
- Size: 12 cm x 18 cm
|
- Description: ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အရည်ကြီးတို့၏ အလေ့အကျင့်များ၊ ဟိန္ဒူဝါဒများ၊ မဟာယာန ဝိဒများ၊ တန္တရ၊ မန္တရ အယူဝါဒများကို ထေရဝါဒ ဗုဒ္ဓဘာသာမှ ထုတ်နုတ်ခွဲခြား သိရှိနိုင်စေရန် ရေးသားခဲ့သော ကျမ်းဖြစ်သည်။ ဝေဒခေတ်၊ ဗုဒ္ဓခေတ်သမိုင်းကြောင်း၊ ထေရဝါဒ ပိဋကတ်တော်၊ ဗုဒ္ဓသာသနာတော် ကွယ်ပ ပျက်စီးပုံ၊ အသောကမင်းကြီးလက်ထက် သာသနာပြုခဲ့ပုံများနှင့် ရေးထိုးခဲ့သော ကျောက်စာများ၊ အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာ တရွေ့ရွေ့ ယိုယွင်းပျက်စီးကာ ဆုတ်ယုတ်ကွယ်ပျောက်သွားပုံ၊ တန္တရဝါဒအကြောင်း၊ ပုဂံခေတ်အရည်းကြီးများအကြောင်း၊ နတ်ကိုးကွယ် ပူဇော်ပသသော အယူဝါဒအကြောင်း၊ ဘုရားကိုးဆူ ပူဇော်ခြင်း၊ ဂြိုဟ်ကြီးရှစ်လုံး ပူဇော်ပသခြင်း၊ ဝိဇ္ဇာမယိဒ္ဓိအတတ် လိုက်စားခြင်း၊ ရှင်ဥပဂုတ် ရေမျှောခြင်း၊ မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်များအား မကိုဋ်သရဖူဆောင်းကာ စလွယ်ဆင်မြန်းထားခြင်း အပါအဝင် ဗုဒ္ဓဘာသာအမည်ခံ၍ ထေရဝါဒနှင့် မပတ်သက်သည့် မဆိုင်သည့် အလုပ်များကို လုပ်ဆောင်နေကြပုံ၊ ဈင်ဗုဒ္ဓဘာသာအကြောင်းတို့ကို အသေးစိတ် ရေးသားဝေဖန် ဆွေးနွေးထားသည်။ အိန္ဒိယပြည်တွင် ဗုဒ္ဓဘာသာ ပပျောက်သွားပုံ သမိုင်းကြောင်း သိထားခြင်းဖြင့် သင်ခန်းစာယူပြီး မြန်မာနိုင်ငံတွင် ၎င်းပုံစံမျိုး ဗုဒ္ဓဘာသာ မကွယ်ပျောက်သွားအောင် သတိပေးရေးသားထားသည်ကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|