|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် မသျှင်ထိပ်စုမြတ်ဖုရားကလေးနှင့် ဦးကိုကိုနိုင်တို့မှ မွေးဖွားခဲ့သူ တော်ဘုရားကလေး(အောင်ဇေ)၏ ဖ.ဆ.ပ.လခေတ် လူမှုရေး စီးပွားရေး နိုင်ငံရေး အတွေ့အကြုံဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာရေးသူသည် ၁၉၄၈ ခုနှစ်၌ သီပေါရောင်းဝယ်ရေး ဆင်ဒီကိတ် လိမိတက်တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ ၁၉၅ဝ ခုနှစ်၌ ပြည်ထောင်စု မြန်မာနိုင်ငံ ထုတ်ကုန် ကုန်သည်များအသင်းတွင် အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၅၃ ခုနှစ်၌ ပြည်ထောင်စု မြန်မာနိုင်ငံ ထုတ်ကုန် ကုန်သည်များအသင်း အရှေ့ဖျား ကော်ပိုရေးရှင်းတွင် ဒါရိုက်တာအဖြစ်လည်းကောင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သလို ၁၉၆၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၂ ကြိမ်တိုင်တိုင် အထိန်းသိမ်းခံခဲ့ရသည်။ ထိုကဲ့သို့ စီးပွားရေးနှင့် နိုင်ငံရေး အတွေ့အကြုံများလှသော စာရေးသူ၏ ဆောင်းပါးများ စုစည်းမှု ဤစာအုပ်တွင် မော်တော်ယာဉ် မြန်မာနံပါတ်၊ မော်တော်ယဉ်ချင်း တူပေမယ့်၊ ကန့်သတ်ပြီးနှင့် လိမိတက်၊ ရွှေမြန်မာ ကုန်သည်တွေ တကယ်ဖြစ်ပါစေ၊ ပို့ကုန် တွန်းအားပေးရေး၊ ကျောက်စိမ်း၊ ဂျပန်ခရီးနဲ့ စစ်တောင်းတံတား၊ ဂျပန်ခရီးနဲ့ ရတနာပစ္စည်း၊ မြန်မာအခန်း၊ ကျားရှေ့ချော်မလဲ၊ တီယူစီ (ဘီ)နှစ်များ၊ သမိုင်းတန်ဖိုးရှိလှတဲ့ စာရွက်စာတမ်း စာအုပ်တွေ၊ သဘောမတူဖို့ သဘောတူ အစရှိသည့် ဆောင်းပါး ၁၃ ပုဒ်ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|