|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: နိုင်ငံကျော် ဗေဒင်ဆရာကြီး ဆရာဒဂုန်၏ သမီးရင်းဖြစ်သူ စာရေးသူ ဒေါက်တာခင်သဇင်သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ရှိ ARPနက္ခဗေဒင် တက္ကသိုလ်မှ နက္ခဗေဒင်ပါရဂူဘွဲ့ကို ရယူခဲ့ရာ ယခုစာအုပ်သည် ပါရဂူဘွဲ့အတွက် တင်သွင်းသည့် ကျမ်းဖြစ်သည့် A Study on The Educated Persons and Uneducated Persons From The Astrological Point of Viewကျမ်းကို မြန်မာဘာသာပြန်ဆို၍ ရိုက်နှိပ်ထားခြင်းဖြစ်သည်။ ကျမ်းတွင် ပညာတတ်သူ၊ ပညာမတတ်သူတို့၏ ဇာတာများကို နက္ခတ်ဗေဒင်ပညာရှုထောင့်မှ ဝေဖန်သုံးသပ်ရေးသားထားပြီး ပညာတတ်စေသည့် အတန့်ဘာဝများအကြောင်း၊ အတန့် ဘာဝနှင့် ကာရကဂြိုဟ်များ၏ ဇယား၊ ဘယ်နှစ်ဘာဝ အားနည်းလျှင် ပညာတတ်နိုင်သည့် ရာခိုင်နှုန်း ဘယ်လောက်ရှိသလဲ၊ ပါပဂြိုဟ်နှင့် သောမဂြိုဟ်တို့ရဲ့ အမြင်အယှဉ်၊ အထူးမြင်မြင်တဲ့ ဂြိုဟ်များ၏ ကူညီမှု အပါအဝင် ပညာရေးနက္ခဗေဒင်အကြောင်းကို အသေးစိတ် သုတေသနပြု ရေးသားထားသည်ကို တွေ့ရသည်။ စာရေးသူသည် ဤကျမ်းပြုစုရန်အတွက် ပညာသိပ်မတတ်သူ၊ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ခဲ့ရသူ၊ ပညာဆုံးခန်းမတိုင်သူ ၁ဝဝ ဦးနှင့် ပညာရေး ဆုံးခန်းတိုင်ပြီး ပညာနှင့် ရပ်တည်နေသူ၊ ပညာဖြန့်ဝေပေးနေသူ ၁ဝဝ ဦးတို့ကို လေ့လာသုတေသနပြုပြီးမှ ဤကျမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|