|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ပါဠိစာပေနှင့် သဒ္ဒါကို လေ့လာရာတွင် လက်စွဲအဖြစ် ခေတ်အဆက်ဆက်ထားခဲ့ကြသည့် ကစ္စည်းသဒ္ဒါကျမ်း၏ အထောက်အကူပြုကျမ်းတစ်ဆူဖြစ်သည့် ရူပသိဒ္ဓိကျမ်းလာ သဒ္ဒါအခြေခံများကို အကျယ်တဝင့် ရှင်းလင်းထားသည့် စာအုပ်ဖြစ်သည်။ စာအုပ်တွင် ရုပ်ပြီးမှုကို မူတည်၍ လိုအပ်သော သုတ်စဉ်များကို ဖော်ပြထားခြင်း၊ သုတ်၏ ဆိုလိုချက်များကို ဆိုင်ရာသုတ်များနှင့် တွဲဘက်ဖော်ပြထားခြင်း၊ သုတ်စဉ်ပါဠိ မကျက်နိုင်သူများအတွက် သုတ်စဉ်နှင့် အလားတူသော ဥပဒေသဆောင်ပုဒ်များကို ဖော်ပြထားခြင်း၊ အခြေခံ စတင်သင်ကြားသူများအတွက် ရုပ်တွက်ဆိုရိုးများကို ဖော်ပြထားခြင်း၊ သိသင့်သိထိုက်သော သရုပ်၊ အဓိပ္ပာယ်များကိုလည်း ဆောင်ပုဒ်နှင့်တကွ ဖော်ပြထားခြင်း၊ နာမပဒမာလာ၊ အာချာတပဒမာလာတို့ကိုလည်း ပြည့်ပြည့်စုံစုံဖော်ပြထားခြင်း၊ ၁ဝ ရက်ခန့်မျှဖြင့် သန္ဓိသဘော နားလည်စေရဂန် ပြယုဂ်အနည်းငယ်ကိုသာ ပြထားခြင်း၊ ကိတ်အခန်း၌ ပုဒ်တစ်ခုကို မြင်ရုံဖြင့် ဓာတ်, ပစ္စည်း သိမြင်လွယ်စေရန် ပစ္စည်းတစ်မျိုးမျိုး၌ ရနိုင်သော ကာရိကာများကို စုစည်းတင်ပြထားခြင်း၊ သဒ္ဒါဆိုင်ရာ အဆုံးအဖြတ် ဝိနိစ္ဆယများကိုလည်း ပြဆိုထားခြင်း၊ ဆရာလွတ် သဒ္ဒါတတ်မြောက်စေသော စနစ်များကို ထည့်သွင်းထားခြင်းဖြင့် ပါဠိစာပေ လေ့လာလိုသူများ အလွယ်အကူ လေ့လာ သင်ယူနိုင်အောင် အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတိလောကမှ စီရင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|