|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: “တေဇောတစ်လုံး အခက်ဆုံး”ဟု တင်စားပြောဆိုကြရာ ဤစာအုပ်တွင် တေဇောတစ်လုံး အခက်ဆုံးကို ထင်လွယ် မြင်လွယ်အောင် စာရေးသူ၏ အောင်မြင်ခဲ့ပြီးသော ကိုယ်ပိုင်ဆေးနည်းသုံး ဆေးနည်းများနှင့် ဆရာကိုင် ဆေးနည်းများကို မချွင်းမချန် မှန်ကန်တိကျစွာ ဖော်ပြထားသော စာအုပ်ဖြစ်သည်။ စာအုပ်ကို ရောဂါဖြစ်ကြောင်းနှင့် လက္ခဏာအပိုင်း၊ ဆေးပညာအပိုင်း၊ ဓာတ်စာပညာအပိုင်း၊ ဝမ်းမီးပညာအပိုင်း၊ ရောဂါလက္ခဏာပညာအပိုင်း၊ အကြောပညာအပိုင်း၊ ဓာတ်ဆေးပညာအပိုင်း၊ အဂ္ဂိရတ်ပညာအပိုင်းဟူ၍ အပိုင်း ၈ ပိုင်းခွဲခြားထားပြီး ဓာတ်ကြီးငါးပါး ဖောက်ပြန်သော အပူနာရောဂါများ၊ အအေးနာရောဂါများ၊ ပူ, ချုပ်, ပိတ် ရောဂါများ၊ အေး, သက်, ပွင့် ရောဂါများ၊ ဓာတ်ကြီးငါးပါး၏ မိတ်ဓာတ်၊ ရန်ဓာတ်၊ ဖျားနာသူ၏ လက္ခဏာကို ဆန်းစစ်ပုံ၊ ဓာတ်ကြီးငါးပါးလွန် လက္ခဏာများနှင့် ရောဂါအလိုက် ဆေးနည်း၊ အစာအိမ် အားဆေး၊ ဝမ်းမီး တောက်ဆေး၊ အရိုးကျည်းပေါင်းနှင့် လေးဘက်နာပျောက်ဆေး၊ ကျား မ အားဆေး၊ သွေးတိုးကျဆေး၊ အသက်ရှည်ဆေး၊ ဝမ်းမီးလက္ခဏာအမျိုးမျိုးနှင့် ဓာတ်စာ၊ ရွှေရောင်ပြာ၊ ငွေရောင် အဖန်ပြာနှင့် ပျောက်ကင်းနိုင်သော ရောဂါများ၊ ဘော်ပြာချနည်း၊ အခေါက်ရွှေပြာချနည်းနှင့် အသုံးပြုပုံ၊ ခဲဓာတ်ကို နာလုပ်၍ ပြဒါးဖမ်းနည်း၊ လျှို့ဝှက်ပညာ ဒန်နှင့်နာအပါအဝင် အကြောင်းအရာစုံပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|