|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အောင်တေဇသင်္ဘော နစ်မြုပ်စဉ်က
-
-
Author(s):
ဦးဘဝင်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 56
- Binding: Paperback
- Publication Month Year: May-2010
- Size: 13 cm x 19 cm
|
- Description: ၁၉၆၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့သော အောင်တေဇပင်လယ်ကူးသင်္ဘော ပေါ်၌ သင်္ဘောသားအဖြစ် လိုက်ပါခဲ့သော စာရေးသူ၏ကိုယ်တွေ့အဖြစ်အပျက်ကို ရေးသားတင်ပြထားခြင်းဖြစ်သည်။ စာရေးသူသည် ၁၉၆၁ ခုနှစ် မေလအတွင်း ကွာလာလမ်ပူ၌ ကျင်းပမည့် အလုပ်သမား ပညာပေးရေး နည်းနိဿယများအကြောင်း ဆွေးနွေးပွဲတက်ရန် ကြိုးစားရာ ရဲအထူးဌာနမှ နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ကန့်ကွက်သောကြောင့် ပြည်ပသို့ ထွက်ခွာရန် အခက်အခဲတွေ့ခဲ့သည်။ နောက်ဆုံး အောင်တေဇသင်္ဘောတွင် သင်္ဘောသားအဖြစ် တာဝန်ထမ်းဆောင်ရင်း အဆိုပါ ဆွေးနွေးပွဲကို တက်ရန် ကြိုးစားခဲ့ရာမှ ဤကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စာအုပ်တွင် လမ်းခရီး၌ မုန်တိုင်းကြောင့် သင်္ဘောနစ်မြုပ်သွားပုံ၊ သင်္ဘောနစ်မြုပ်ပြီးနောက် ဖောင်ပေါ်တွင် ဘဝတူ ဒုက္ခသည်များနှင့်အတူ မျောပါရင်း အေးအတူ ပူအမျှ ဒုက္ခခံစားခဲ့ရပုံများနှင့် နောက်ဆုံး သေတွင်းမှ လွတ်မြောက်ခဲ့ပုံများကို ကွက်ကွက်ကွင်းကွင်းမြင်ယောင်လာအောင် အနုစိတ်ရေးသားထားသည်ကို တွေ့ရသည်။ စာရေးသူသည် သူ၏ သေရွာပြန်အတွေ့အကြုံများကို ဗိုလ်တထောင်သတင်းစာတွင် ၁၉၆၁ ခုနှစ်ခန့်က ဆောင်းပါးများအဖြစ် ဦးစွာရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|