|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- စာပေခရီးသည်
-
-
Author(s):
ဂျာနယ်ကျော်မမလေး
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 143
- Binding: Paperback
- Publication Month Year: Jan-2017
- Size: 13 cm x 21 cm
|
- Description: စာရေးသူ၏ မြန်မာပြည်တလွှား ခရီးသွားဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ပါဝင်သော ဆောင်းပါး အမည်များမှာ ကချင်ပွဲတော်၊ ဟင်းချိုမ၊ မန္တလေး ရုက္ခစိုး၊ မန္တလေး ရုက္ခစိုးဘဏ္ဍာ၊ မန်းရာပြည့်နှင့် တရာပွဲ၊ ပြည်ထောင်စု ပတ္တနာတို့ ဖြစ်ကြသည်။ ကချင်ပွဲတော်ဆောင်းပါးမှာ နာမည်ကျော် ကချင် မနောပွဲတော်သို့ သွားရောက်စဉ်က မြင်ကွင်းကို ရေးသားမှတ်တမ်းထားခြင်း ဖြစ်သည်။ ဟင်းချိုမဆောင်းပါးမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ ပင်လယ်ငါးဖမ်းကုမ္ပဏီဖွင့်ပွဲတွင် တွေ့မြင်ခဲ့ရသည့် ပင်လယ်ငါးဖမ်း မြင်ကွင်းတစ်ခုအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ မန္တလေး ရုက္ခစိုးနှင့် မန္တလေး ရုက္ခစိုးဘဏ္ဍာ ဆောင်းပါးတို့မှာ “မန္တလေး ယဉ်ကျေးမှု ပြတိုက်”ဟု စာရေးသူ အမည်ပေးထားသည့် မန္တလေးမြို့မှ ရှေးဟောင်းပစ္စည်းစုသူ ဦးကိုကိုလတ်ထံမှ တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်းများအကြောင်းကို စိတ်ဝင်စားဖွယ် တင်ပြထားခြင်း ဖြစ်သည်။ မန်းရာပြည့်နှင့် တရာပွဲ ဆောင်းပါးမှာ သမ္မတ မန်းဝင်းမောင်လက်ထက်က ကျင်းပခဲ့သည့် မန်းရာပြည့်ပွဲတော် ဖွင့်ပွဲအခန်းအနား တက်ရောက်စဉ်က အတွေ့အကြုံများကို ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ ပြည်ထောင်စု ပတ္တနာဆောင်းပါးမှာ ကယားပြည်နယ် လွိုင်ကော်တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြန်လည်မျှဝေထားခြင်းဖြစ်သည်။ ခရီးစဉ်တစ်လျှောက် တွေ့မြင်ခဲ့ရသည့် လမ်းခရီးအခြေအနေများနှင့်တကွ ဒေသခံများ၏ အကြောင်းကိုပါ ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|