|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အိမ်ရှင်မတို့ အားထားစရာ
-
-
Author(s):
လွတ်လပ်စိုး
- Type: Myanmar Books
-
Category:
မိသားစုရေးရာ
- No of Pages: 121
- Binding: Paperback
- Publication Month Year: Sep-2010
- Size: 13 cm x 21 cm
|
- Description: အိမ်ထောင်စုတစ်ခုလုံးကို ထိန်းသိမ်းစောင့်ရှောက်သည့်နေရာ၊ အောင်မြင်သည့် မိသားစုဘဝကို ထူထောင်ကြသည့်နေရာတွင် အဓိကအကျဆုံး ပဲ့ကိုင်ရှင်မှာ “အိမ်ရှင်မ”တို့ပင်ဖြစ်သည်။ နားရက် ပိတ်ရက်သည့်အလုပ်၊ ဘယ်တော့မှ မပြီးဆုံးနိုင်သည့် အိမ်မှုအလုပ်များကို လုပ်ကိုင်ရင်း ခြေကုန်လက်ပန်း မကျစေဖို့၊ အချိန် ငွေ လုပ်အားများကို ချွေတာနိုင်စေဖို့ အထောက်အပံ့ဖြစ်စေမည့် မြန် ကောင်း သက်သာ နည်းလမ်းကောင်းများကို ဤစာအုပ်တွင် လေ့လာနိုင်ကြမည်ဖြစ်သည်။ အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်း၊ ပြတင်းခန်းဆီး လိုက်ကာများ ပရိဘောဂ အဖုံးစွပ်များ လျှော်ဖွပ်ခြင်း၊ အဝတ်အစားများမှ အစွန်းအကွက်များ၊ အနံ့ဆိုးများကို ဖယ်ရှားခြင်း၊ အဝတ်ဗီရိုအပါအဝင် ဗီရိုအမျိုးမျိုးကို သိမ်းဆည်းရှင်းလင်းခြင်း၊ ပန်းကန်ခွက်ယောက် ဆေးကြောခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မွေးနေ့လက်ဆောင်ပေးခြင်း၊ အပန်းဖြေ ခရီးထွက်ရန် စီစဉ်ခြင်း၊ ကလေးကျောင်းကိစ္စ ဆောင်ရွက်ခြင်း၊ ကလေးများကို ချစ်ခင်စည်းလုံးမှု တည်မြဲအောင် ဆောင်ရွက်ခြင်း၊ လသားအရွယ် ကလေးများကို ထိန်းကျောင်းခြင်း၊ ဂျီကျတတ်သည့် ကလေးကို ဂျီမကျအောင် စောင့်ရှောက်ခြင်းအပါအဝင် အိမ်ထောင်မှုကိစ္စအဝဝတို့အတွက် ကရိကထနည်းပါးစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်သည့် နည်းလမ်းကောင်းများကို စုံစုံလင်လင် ဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|