|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ပင်ကိုယ်အားဖြင့် ရိုးသားဖြူစင်သူတစ်ဦးဖြစ်သော်လည်း အင်္ဂလိပ်ပဒေသရာဇ်စနစ်၏ သားကောင်အဖြစ် ကျရောက်ခဲ့ရသောကြောင့် နာမည်ဆိုး အမည်းကွက်ထင်ခဲ့ရသူ၊ သို့သော် မိမိကိုယ်ကို တန်ဖိုးရှိအောင် ကြိုးစားခဲ့သည့်အတွက် အင်္ဂလိပ်တော်ဝင်မိသားစုတစ်စုလုံးတွင် “တန်ဖိုးအရှိဆုံး လူသား” ဖြစ်ခဲ့သူ တော်ဝင်မင်းသမီး ဒိုင်ယာနာ၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံမှု၊ မေတ္တာစေတနာကြီးမှု၊ စေတနာတရား ကြီးမားမှုတို့ဖြင့် လူသားများစွာအား စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ခဲ့သူ ဒေါ်ဦးဇွန်း (ဘွားဦးဇွန်း)၊ နှစ်ပေါင်း (၆ဝ) ကျော် အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှ အပယ်ခံများ၏ဘဝကို ဘဝနှင့်ရင်း၍ ကယ်တင်ခဲ့သူ “အိန္ဒိယနိုင်ငံတော်၏ အမေ” သို့မဟုတ် မာသာထရီဆာ၊ ထိုသုံးဦး၏ ဘဝကို ဤစာအုပ်တွင် သူတို့၏ လူမှုရေးလုပ်ဆောင်ချက်များ အသားပေးလျက် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ လူတိုင်းသည် “အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် တန်ဖိုးထားတယ်”ဟု လူတိုင်းလိုလို တစ်ကြိမ်တစ်ခါတော့ ပြောဖူးကြသည်ချည်း ဖြစ်ကြောင်း၊ သို့သော် “အရှက်”ဆိုတာ ဘာလဲဟု မေးလိုက်လျှင် တိကျရေရာသည့် အဖြေတစ်ခု ရဖို့ မလွယ်လောက်အောင်ပင် “အရှက်”ဆိုသည်မှာ အလှမ်းကွာဝေးသည်ထက် ကွာဝေးလာနေသည့် အရာတစ်ခု ဖြစ်ကြောင်း၊ ထို့အတူ “အရှက်”ဆိုတာရဲ့ “တန်ဖိုး”သတ်မှတ်ချက်များသည်လည်း ပြောင်းလဲနေလျက်ရှိကြောင်း၊ ထိုသို့ ပြောင်းလဲသွားတာနှင့်အမျှ လူ့အဖွဲ့အစည်း၏ “နေပျော်မှု” “မနေပျော်မှု”ဟာ “အရှက်”နှင့် “တန်ဖိုး”ပေါ်မှာ အဓိက မူတည်နေကြောင်းကို ဦးတည်ရေးသားတင်ပြထားသော စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|