|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြစိမ်းတောင်ဆရာတော် အရှင် ဇာနေယျ (လိမ္မော်ခြံ၊ တိုက်ကြီး)၏ သောတာပန်စစ်တမ်းတရားတော် ဖြစ်သည်။ တရားတော်တွင် သောတာပန်စစ်တမ်းတရားတော်နှင့်တကွ သောတာပန် ဖြစ်စေကြောင်း ကျင့်စဉ်ကိုပါ ထည့်သွင်း ဟောကြားထားသည်။ သောတာပန် ၂၄ မျိုး၊ ဒိဋ္ဌိကို ဉာတပရိညာနှင့် အရင်ဖြုတ်သင့်ပုံ၊ တရားရနှေးရခြင်း အကြောင်းရင်း၊ အနိစ္စ, ဒုက္ခ, အနတ္တကို ထင်အောင်ရှုပုံ၊ ဖြစ်ပျက်မြင်သိဉာဏ်၊ ဖြစ်ပျက်ဆုံးသည့် ဉာဏ်အပါအဝင် သောတာပန်တရားတော်များနှင့်တကွ သောတာပန်တို့၏ စိတ်ထားအမှန်ကိုပါ ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်နိုင်အောင် အကျယ်တဝင့် ဟောကြားထားသည်။ ဆရာမြသန်းစံမှ အမှာစာရေးပေးထားပြီး အမှာစာ၌ “ဤစာအုပ်သည် ခေတ်အခြေအနေ၊ ခေတ်ကာလအလျောက် တရားရှာ၊ တရားအားထုတ်နေကြသည့် ယောဂီများ လမ်းမမှား၊ အယူမမှား၊ ဆုံးဖြတ်ချက် မမှားရအောင် ကူညီနိုင်မည့် ဓမ္မလမ်းညွှန်ဖြစ်သည်ဟု ဆိုချင်ပါသည်။ ဤစာအုပ်ကို အထပ်ထပ် အခါခါ ဖတ်၍ မိမိသန္တာန်၌ ကပ်ငြိနေသော တဏှာ၊ မာန၊ ဒိဋ္ဌိနှင့် ယှဉ်သည့် အတွေးမှားများ ဖယ်ရှားနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါတော့သည်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|