|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သံဃာအစ ကောဏ္ဍည
-
-
Author(s):
ထွန်းအောင်ကျော် (မြင်းခြံ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 132
- Binding: Paperback
- Publication Month Year: Jan-2011
- Size: 13 cm x 19 cm
|
- Description: “ရဟန်းဆို့ ... ညဉ့်၏ အပိုင်းအခြားကို သိကုန်သော ငါ၏ သာဝကတို့တွင် “အညာသိကောဏ္ဍည”သည် အသာလွန်ဆုံး၊ အမြတ်ဆုံး ဖြစ်၏”ဟူ၍ ရတ္တညူ ဧတဒဂ်ဘွဲ့တော်ကို ပေးအပ်ခြင်း ခံခဲ့ရသူ၊ သံဃာတို့၏ အမွန်အစ၊ ရဟန္တာတို့တွင် ပထမဆုံးဖြစ်သော ကောဏ္ဍညမထေရ်မြတ်၏ ဘဝဖြစ်စဉ် ထေရုပ္ပတ္တိကို ကြည်ညိုဖွယ် ရုပ်လုံးဖော်ထားသော စာအုပ်ဖြစ်သည်။ အရှင်ကောဏ္ဍညသည် ထိုရတ္တညူ ဧတဒဂ်ဘွဲ့တော်ကို ရရှိရန်အတွက် ဂေါတမ ဘုရားရှင် မပွင့်ခင် ကမ္ဘာတစ်သိန်းက ပဒုမုတ္တရ မြတ်စွာဘုရားအား ကြီးကျယ်သော အလှူဒါကို ပေးလှူ၍ ဗျာဒိတ်ပန်းကို ဆင်မြန်းခဲ့သည်မှာ စတင်ကာ ကမ္ဘာတစ်သိန်းတိုင်တိုင် မဟာသာဝကတို့ ဖြည့်ကျင့်အပ်သည့် ပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံ၊ ဂေါတမမြတ်စွာဘုရား လက်ထက်တော်၌ ချမ်းသာကြွယ်ဝသော မဟာသာလ ဗြာဟ္မဏ အမျိုး၌ မွေးဖွားခဲ့ပုံ၊ ကြီးပြင်လာ၍ ဗေဒင်သုံးပုံကို သင်ကြားရာတွင် မဟာပုရိသ လက္ခဏာတော်ကျမ်း၌ တစ်ဖက်ကမ်းခပ် တတ်မြောက်အောင်မြင်ခဲ့ပုံ၊ ဘုရားဆိုသည့်စကား မကြားဖူးခင်ကပင် တရားဦးအရင်နာတော်မူရသဖြင့် ဝါတော်စဉ်အရ အကြီးဆုံး ဖြစ်တော်မူခဲ့ပုံနှင့် ဗုဒ္ဓလက်ထက် သာသနာပြုခဲ့ပုံများကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|