|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရှုမ၀ ချစ်ကိုယ်တွေ့ (အတွဲ ၁)
-
-
Author(s):
ကလောင်စုံ
- Type: Myanmar Books
-
Category:
ဝတ္ထုတို
- No of Pages: 1074
- Binding: Paperback
- Publication Month Year: Jul-2011
- Size: 13 cm x 20 cm
|
- Description: “စာကောင်းကောင်းဆိုရင် လူကြိုက်များမယ်၊ လူကြိုက်များရင် စာဖတ်တဲ့လူ များမယ်၊ စာဖတ်တဲ့လူများလာရင် နိုင်ငံမှာ ပိုပြီး အသိဉာဏ်ပွင့်လင်းလာမယ်”ဟူသော ရှုမဝမဂ္ဂဇင်းထုတ်ဝေသူ ရှုမဝဦးကျော်၏ အခြေခံမူဝါဒကြောင့် သူထုတ်ဝေသောမဂ္ဂဇင်းသည် တစ်ချိန်က ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ ယခုစာအုပ်ပါ ဝတ္ထုတိုများမှာ ရှုမဝမဂ္ဂဇင်း၏ “ချစ်ကိုယ်တွေ့ကဏ္ဍ”မှ အချစ်ဝတ္ထုတိုများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် အချစ်ဝတ္ထုတိုများမှာ များပြားသဖြင့် အတွဲ ၂ တွဲ ခွဲ၍ ထုတ်ဝေထားသည်။ အတွဲ ၁ တွင် ၁၉၅၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း ဖော်ပြခဲ့သည့် စာရေးဆရာ ၁ဝဝ ဦး၏ ဝတ္ထုတို ၁ဝ၅ ပုဒ်ကိုလည်းကောင်း၊ အတွဲ ၂ တွင် ၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဖော်ပြခဲ့သည့် စာရေးဆရာ ၉၄ ဦး၏ ဝတ္ထုပေါင်း ဝတ္ထုပေါင်း ၁၁ဝ ကိုလည်းကောင်း စုစည်းပေးထားသည်။ အချစ်သည် ချိုမြိန်သည်၊ ပူလောင်သည်၊ နူးညံ့သူကို မာကျောစေနိုင်သည်၊ တွေဝေမှုကို ပျောက်စေပြီး ရဲရင့်ပြတ်သားသော စွမ်းအားကိုပေးသည်၊ အချုပ်ဆိုရသော အချစ်များ အင်အားရှိသည်ကို စာအုပ်ပါ ဝတ္ထုတိုများ ဖတ်ရှုခံစားခြင်းဖြင့် သိရှိကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|