|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သိကြား၊ ဗြဟ္မာ၊ နတ်၊ လူ၊ သတ္တဝါတို့ ကျင်လည်ရာ ဘဝသံသရာ
-
-
Author(s):
ဝိဝေက (ဓမ္မရောင်ခြည်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 43
- Binding: Paperback
- Publication Month Year: Nov-2011
- Size: 11 cm x 17 cm
|
- Description: (၇) ရက်၊ (၁ဝ) ရက် ဝိပဿနာ တရားစခန်းများသို့ သွားရောက်ပြီး တရားစခန်းဝင်ရောက်နိုင်ခြင်း မရှိကြတဲ့ ပုဂ္ဂိုလ်များအတွက် တရားထိုင်ပုံ ထိုင်နည်း တရားအားထုတ်ပုံ အားထုတ်နည်းများကို နားလည်သိရှိစေချင်သော ရည်ရွယ်ချက်ဖြင့် ဓမ္မရောင်ခြည်တရားအလှူတော်အဖွဲ့သည် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း မဟာတိလောကမှန်ကူသွန်းဘုရားကြီး တန်ဆောင်းအတွင်း၌ တရားပွဲများ ပြုလုပ်ပေးခဲ့သည်။ ယခုစာအုပ်မှာ ထိုတရားပွဲ၌ ဟောကြားခဲ့သည့် တရားတစ်ပုဒ်ဖြစ်သည်။ လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ သတ္တဝါအားလုံး၏ ကျင်လည်ရာ “ဘဝသံသရာ”အကြောင်း၊ သစ္စာလေးပါးကို မသိမမြင်နိုင်အောင် ဖုန်းကွယ်ထားသည့် အဝိဇ္ဇာကြောင့် တဏှာဆိုတဲ့ လိုချင်တတ်မက်မှုတွေဖြစ်ပေါ်ပြီး ဥပါဒါန်ဆိုသည့် စွဲလမ်းမှုတွေ ဖြစ်ပေါ်ကာ ကံဆိုသည့် ပြုလုပ်မှုတွေကြောင့် နောက်ထပ် ရုပ်နာမ်များ ထပ်မံဖြစ်ရပုံ၊ ခန္ဓာအိမ်မှ ထွက်ပေါ်နေသည့် ကိလေသာတရားများကို သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးအသုံးပြုပြီး ရိုက်ချိုးဖျက်ဆီးနိုင်ပုံတို့ကို နိဒါန်းပိုင်းတွင်လည်းကောင်း၊ ထို့နောက် တရားမထိုင်ခင် ကန်တော့ရမည့် ခင်ပွန်းကြီး (၁ဝ) ပါး ကန်တော့ခန်း၊ တရားအားမထုတ်မီ ပြုလုပ်ရန် ပုဗ္ဗကိစ္စ (၅) ပါး၊ တရားမထိုင်ခင် ကမ္မဋ္ဌာန်းတောင်းပုံ၊ တရားထိုင်ပုံ ထိုင်နည်း၊ တရားထိုင်ပြီး ရတနာသုံးပါးအား ပူဇော်နည်းနှင့် အမျှပေးဝေခြင်းတို့ကို စာအုပ်၏ နောက်ပိုင်းတွင်လည်းကောင်း ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|