|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာနိုင်ငံသို့ တရုတ်ဖြူကျူးကျော်ဝင်ရောက်မှုနှင့် မြန်မာ့တပ်မတော်၏ ကျော်ကြားသော စစ်ဆင်ရေးများ
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 430
- Binding: Paperback
- Publication Month Year: Jan-2012
- Size: 12 cm x 18 cm
|
- Description: ၁၉၄၆ ခုနှစ်မှစ၍ တရုတ်ပြည်သူ့တပ်မတော်က ချန်ကေရှိတ်၏ ကူမင်တန်အစိုးရအပေါ် တော်လှန်ရေးတစ်ရပ် ဆင်နွှဲခဲ့သည်။ ၎င်းတော်လှန်ရေးတွင် ချန်ကေရှိတ်တပ်များသည် တဖြည်းဖြည်းအရေးနိမ့်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်ဘက်သို့ ပြိုဆင်းလာကြခဲ့ကြသည်။ ၎င်းတို့သည် ရှမ်းပြည်ရှိ စော်ဘွားများကို တံစိုးလက်ဆောင်များပေးကာ စခန်းချ ခြေကုတ်ယူ၍ တရုတ်ပြည်ကို အမေရိကန်၏ အကူအညီဖြင့် ပြန်လည်သိမ်းပိုက်ရန် အားထုတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းသာမက ကချင်နှင့် ကယားပြည်နယ်တွင်းသို့ပါ ဝင်ရောက်စခန်းချခဲ့ကြသည်။ ထိုစဉ်က မြန်မာ့တပ်မတော်သည် ရောင်စုံသူပုန်များကြောင့် အခက်တွေ့နေရသော်လည်း ရှိသည့်အင်အားဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ကေအင်(န်)ဒီအိုအပါအဝင် လက်နက်ကိုင်သောင်းကျန်းသူများသည် တရုတ်ဖြူများနှင့် ပူးပေါင်းခဲ့ကြသည်။ မြန်မာအစိုးရသည် တရုတ်ဖြူများ မြန်မာ့မြေမှ ထွက်သွားရာ ကုလသမဂ္ဂမှတစ်ဆင့် အပါအဝင် နိုင်ငံရေးနည်းအရ ဖြေရှင်းရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် မြန်မာ့တပ်မတော်သည် ဘုရင့်နောင်၊ ရန်ကြီးအောင်၊ ယုဇန၊ မိုးကြိုး၊ အောင်သမိန်၊ ဘဘနှင့် မဲခေါင်စစ်ဆင်ရေးကြီးများ ပြုလုပ်ကာ တပ်မတော်သားပေါင်းများစွာ၏ အသက်ပေါင်းများစွာကို စွန့်လွှတ်၍ တရုတ်ဖြူများကို ခက်ခက်ခဲခဲ တိုက်ထုတ်နိုင်ခဲ့သည်။ ယခုစာအုပ်တွင် ထိုစစ်ဆင်ရေးများအကြောင်းနှင့် တရုတ်ဖြူတို့နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးများအကြောင်းကို တိုက်ပွဲဝင် တပ်မမှူးကြီးများ၏ မှတ်တမ်းတင် ဖော်ပြချက်များနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|