|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်နှစ်ရပ်ရှိရာ ၎င်းတို့မှာ “ဘဝ”အတွက် အထောက်အပံ့ဖြစ်သည့် “အစား”ရရေးနှင့် သံသရာ၏ အထောက်အပံ့ဖြစ်သည့် “တရား”ရှိရေးတို့ ဖြစ်ကြသည်။ ၎င်း ၂ ခုသည် တစ်ခုပြီးမှ တစ်ခု၊ တစ်ချိန်ပြီးမှ တစ်ချိန် ကြိုးစားရမည်မျိုး မဟုတ်ဘဲ တစ်ခုရှာရင်း တစ်ခုပါ ပါအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ မြတ်စွာဘုရားကလည်း ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သည့် နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးထဲမှာ “သမ္မာအာဇီဝ - တရားမျှတစွာ စီးပွားရှာဖွေမှု အသက်မွေးဝမ်းကျောင်း” ဆိုသည်ကို ထည့်သွင်းဟောကြားထားခဲ့သည်။ မြတ်ဗုဒ္ဓ၏ မဂ္ဂလမ်းစဉ်ကို သဘောပေါက်သူများအတွက် မအားမလပ်အောင် အလုပ်များနေခြင်းသည် အစားဝရေးအတွက်ရော တရားရရေးအတွက်ပါ အလွန်အားကောင်းသည့် အကြောင်းအထောက်အပံ့ဖြစ်ပုံကို ယခုတရားတော်တွင် ဆရာတော်က ဘာဝနာပိုင်းအထိရောက်အောင် ရှင်းလင်းဟောကြားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|