|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရန်ကုန်စွယ်တော်မြတ်စေတီတစ်ဆူလုံးကို ပုံစံထုတ်ပေးခဲ့သူ မြန်မာမှု ဒီဇိုင်းသုတေသီ ဦးအေးမြင့်၊ ကိုရင်လူထွက်, ထိုမှတဆင့် စာပေဗိမာန်၌ လက်ရေးစက်စာရေးဘဝ၊ ထို့နောက် ဘာသာပြန်စာရေးဆရာဘဝသို့ တက်လှမ်းနိုင်ခဲ့သူ ငါ့ဘဝ ငါသာသခင် စာရေးဆရာ မောင်ပေါ်ထွန်း၊ စန္ဒရားတစ်လုံးနှင့် အသံညှိသူ နိုင်ငံကျော် ဇာတ်မင်းသား မန္တလေးသိန်းဇော်၊ ကမ္ဘာ့ပန်းချီဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့သူ ပန်းချီဆရာ မင်းဝေအောင်၊ လူသားတွေ၏ ချစ်ခြင်းမေတ္တာနှင့် ဆက်လက်အသက်ရှင်နေထိုင်လျက်ရှိသူ ပန်းချီဆရာ ရာဟုလာ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် နေထိုင်တတ်သူ ပန်းချီဆရာ မူးမူး၊ “မောင့်လပြည့်ဝန်း” တေးသီချင်းရေးသားသူ, စီကုံးသူ, ဖန်တီးသူ ကိုနေဝင်း၊ “ပန်းခရမ်းပြာ”၊ “သဇင်ည”၊ “နဒီမင်္ဂလာ”ကဲ့သို့ ကျော်ကြားလှသော ကိုယ်ပိုင်သံစဉ်များကို ဖန်တီးခဲ့သူ ကိုရဲလွင်၊ “ကျွန်တော့်အတွက်ကတော့ ရုပ်ရှင်ဆိုတာ အနုပညာနည်းနည်း၊ အတတ်ပညာ နည်းနည်း၊ ဉာဏ်ပညာနည်းနည်း”ဟု ဆိုသူ မင်းထင်ကိုကိုကြီး၊ နတ်ဒိုးကိုယူ၍ ကိုယ်ပိုင်ဟန် ဂီတသံသစ်ဖြင့် ထိုးဖောက်ဖန်တီးခဲ့ပြီး ပြည်သူလူထု၏ လက်ခံမှုကို ရယူခဲ့သူ သားစိုး၊ ရာဟုလာကို ရုပ်ရှင်ရိုက်ပြသူ ရှင်ဒေဝီ၊ သေသည်အထိ တယောထိုးမည်, ဝိပဿနာတရားပွားများ အားထုတ်ချိန်ရောက်လျှင်လည်း တယောနှင့် တရားရှုမှတ်မည်ဟုဆိုသူ တယောကိုတင်ရီ စသည့် နိုင်ငံကျော် ဂီတ ရုပ်ရှင် ပန်းချီ အနုပညာရှင်များအကြောင်းကို သူတို့၏ ဖွင့်ဟပြောဆိုချက်များနှင့်အတူ ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|