|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ကိုယ်တိုင်ရေး ဘဝမှတ်တမ်းစာအုပ်ဖြစ်သည်။ ဆဋ္ဌသံဂါယနာပွဲတင်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာအုပ်စာပေများစွာကို ရေးသားခဲ့သူ ဦးနုသည် ငယ်စဉ်က အတော်ပင် ဆိုးခဲ့သည်ဟု ဆိုသည်။ ငယ်စဉ်က ဘကြီးဖြစ်သူ၏ အလိုလိုက်မှုကြောင့် ရပ်ကွက်တွင် “တာတေလန်” အဖြစ် လူသိများခဲ့သည်။ မည်မျှပင် ဆိုခဲ့သနည်းဟုဆိုသော် ရပ်ကွက်ရှိ ကာလသားများ၏ မြှောက်ပင့်မှုကြောင့် မိခင်ဖြစ်သူ ဦးစီးထောင်ထားသည့် ဝတ်အသင်း၌ ပါဝင်သော ဝတ်ခေါင်းဆောင် အမျိုးသမီး၏ တဘတ်ကိုပင် မီးရှို့ကျီစယ်ဖူးသည်သည် ဝန်ခံထားသည်။ ထိုသို့ ဆိုးသွမ်းရင်း ၁၉၂ဝ ကျောင်းသားသပိတ်မှ စတင်ကာ နိုင်ငံရေးဘက်သို့ စိတ်ဝင်စားလာခဲ့ရာ နောက်ဆုံးတွင် ဝန်ကြီးချုပ်အဆင့်အထိ ရောက်ရှိခဲ့သည်အထိပင် ဖြစ်သည်။ ယခုစာအုပ်တွင် သူငယ်စဉ်က ဆိုးခဲ့သည်များ၊ တက္ကသိုလ်ကျောင်းသားဘဝတွင် သခင်အောင်ဆန်းနှင့် တွေ့ဆုံခဲ့ပြီး အတူလက်တွဲ လုပ်ကိုင်ခဲ့ပုံများ၊ အင်္ဂလိပ်ခေတ်, ဂျပန်ခေတ်တို့တွင် နိုင်ငံရေးကို တက်ကြွစွာ လှုပ်ရှားခဲ့ပုံ၊ အောင်ဆန်းအက်တလီ စာချုပ်အပြီး၌ ကျင်းပသည့် ရွေးကောက်ပွဲ၌ ဗိုလ်ချုပ်၏ အတင်းအကျပ်တိုက်တွန်းမှုကြောင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပုံ၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးချိန်၌ တိုင်းပြည်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ရပုံ၊ ကရင် ဗမာ အရေးအခင်း, ရောင်စုံ သူပုန် ထကြွမှုကို မည်သို့ ကိုင်တွယ်ခဲ့ပုံ၊ တရုတ်နှင့် ရုရှားအပါအဝင် သူသွားရောက်ခဲ့သည့် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များတွင် ဟန်ဆောင်ခြင်းမရှိဘဲ မိမိပြောလိုသည်၊ ဖြစ်လိုသည်များကို ဒဲ့ဒိုးပြောချ၍ အခက်တွေ့ခဲ့ရပုံ၊ ဦးနုနှင့် သူ၏ဇနီး ဒေါ်မြရီတို့ မည်သို့ ဆုံတွေ့ခဲ့ပုံနှင့် သူတို့၏ အိမ်ထောင်ရေးခရီး၊ သူ၏ သားသမီးများအကြောင်း၊ ဆဋ္ဌသံဂါယနာတင်ပွဲ၍ သာသနာ့ဒါယကာအဖြစ် ခံယူလျက် အခက်အခဲအမျိုးမျိုးကြားမှ အောင်မြင်အောင် လုပ်ဆောင်ခဲ့ပုံ၊ သူနှင့် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်နေဝင်းတို့၏ ဆက်ဆံရေး၊ ဖဆပလသည် တည်မြဲနှင့် သန့်ရှင်းဟူ၍ ကွဲသွားပြီးနောက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်ခိုက်ဝေဖန်ကြပုံ၊ ထိုစဉ် စစ်တပ်က အာဏာသိမ်းရန် သူ့ထံ သတင်းပေါက်ကြားခဲ့ရာ သူက စစ်တပ်နှင့် တိုင်းပြည် နာမည်ပျက်မည်စိုး၍ စစ်တပ်က အာဏာသိမ်းပြီး ၆ လကြာလျှင် ရွေးကောက်ပွဲလုပ်မည်ဟု ကတိပေးနိုင်လျှင် အာဏာလွှဲပေးမည်ဟု ဗိုလ်ချုပ်နေဝင်းကို ကမ်းလှမ်းခဲ့ပုံ၊ ဗိုလ်ချုပ်နေဝင်းက သဘောတူပြီး အာဏာသိမ်းကာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပုံ၊ ထိုရွေးကောက်ပွဲတွင် ဦးနုတို့ အဖွဲ့ကပင် အများစုအနိုင်ရပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းကာ အာဏာပြန်ရယူခဲ့ပုံ၊ ထို့နောက် အများထင်သလို ရှမ်းနှင့် ကယားတို့သည် ဖယ်ဒရယ်မူကို တောင်းဆိုခြင်းမဟုတ်ဘဲ အဆိုကို ဆွေးနွေးရုံမျှသာ ဖြစ်ပုံ၊ ရှမ်းနှင့် ကယားခေါင်းဆောင်များနှင့်လည်း မည်သည့် ပဋိပက္ခများ မရှိပုံ၊ သို့သော် ၎င်းအခြေအနေကို ဗိုလ်ချုပ်နေဝင်းတို့ အခွင့်ကောင်းယူ ဗန်းပြလျက် နောက်တစ်ကြိမ် အာဏာထပ်သိမ်းခဲ့ပုံ၊ သူ့အနေဖြင့် အာဏာသိမ်းခံရသည်ဟု သိရသည်အထိ ဗိုလ်ချုပ်နေဝင်းကို ယုံကြည်ကိုးစားလျက်ရှိသော်လည်း အထင်နှင့် အမြင် တက်တက်စင်လွဲခဲ့ပုံများကို အသေးစိတ် ရေးသားဖော်ပြထားသည်။ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် လွတ်လပ်ရေး ရပြီးနောက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ အတွင်းကျကျ ဇာတ်လမ်းများကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|