|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မဟာသရေစည်သူဘွဲ့ရ ဦးချမ်းသာ (I.C.S - အငြိမ်းစား)၏ သားရင်းဖြစ်သူ စာရေးသူ ရဲအောင်မင်းရေးသားသည့် ဖဆပလ အကွဲအပြဲ ဇာတ်လမ်းစုံ စာအုပ်ဖြစ်သည်။ သူသည် နိုင်ငံရေးနယ်ပယ်သို့ စ,တင် ရောက်ရှိချိန်က အသက် (၁၇) နှစ်သားအရွယ်သာ ရှိသေးပြီး ထိုစဉ်က ဝန်ကြီးချုပ် ဦးနု၏ ဝမ်းမလွယ်သားအဖြစ် ကြီးပြင်းခဲ့ရသူဖြစ်သည်။ ယခုစာအုပ်ပါ အကြောင်းအရာများမှာ သူ၏ ဖခင်ရင်းဖြစ်သူ ဦးချမ်းသာသည် ဝန်ကြီးချုပ်ရုံး အတွင်းဝန် (၁) ထောက်လှမ်းရေးတာဝန်များကို ထမ်းဆောင်ခဲ့စဉ်က ကြားသိခဲ့ရသည်များ၊ ဝန်ကြီးချုပ်၏ အတွင်းရေးရဲဘော်ဖြစ်သည့် အစ်ကိုဦးရဲကျော်သူ၏ အတွေ့အကြုံများကို အဓိကမှီငြမ်းကာ ရေးသားဖော်ပြထားခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဦနု၊ ဒုဝန်ကြီးချုပ် ကျားကြီးဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်၊ သခင်ကျော်ဒွန်းအစရှိသည့် ဖဆပလ ခေါင်းဆောင်တို့၏ တစ်ချိန်က ကြီးမားပြင်းထန်ခဲ့သော သဘောထားကွဲလွဲမှုများ၊ အပြန်အလှန် တိုက်ခိုက်ထိုးနှက်ခဲ့ပုံများ၊ ထိုခေတ်ထိုအခါ၏ နိုင်ငံရေးနှင့် စစ်ရေးမြင်ကွင်း၊ ဗိုလ်ချုပ်နေဝင်းနှင့် ဝန်ကြီးချုပ်ဦးနုတို့၏ ဆက်ဆံရေးများကို ဤစာအုပ်တွင် အတွင်းကျကျ ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|