|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ယုံတော့ မေရယ်
-
-
Author(s):
မောင်စည်သူ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 160
- Binding: Paperback
- Publication Month Year: Nov-2012
- Size: 13 cm x 21 cm
|
- Description: ၁၉၄၇ ခုနှစ်ကုန်ခန့်က တာရာမဂ္ဂဇင်း၏ တွဲဖက်အယ်ဒီတာနှင့် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သူ စာရေးသူ ရေးသားသည့် အိမ်ထောင်ရေး ဘဝသရုပ်ဖော် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ လင်နှင့်မယား ချစ်ကြိုက်ပြီး ပေါင်းသင်းကြရာဝယ် နှစ်ကိုယ်တည်းသာမဟုတ်၊ နှစ်ဖက် ဆွေမျိုးမိဘများနှင့်ပါ ဆက်ဆံတွေ့ဆုံရမည်ဖြစ်ရာ ယခုစာအုပ်တွင် ထိုအကြောင်းကို ရသမြောက်စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ စာရေးသူ၏ မိတ်ဆွေဖြစ်သူ ဒဂုန်တာရာက အမှာစာရေးပေးထားရာ၌ “ ... ဝတ္ထုကို ဖတ်ရာသည့် အရသာမှာ လက်ထပ်စ ပထမည၏ ရင်တလှပ်လှပ် တထိတ်ထိတ်နှင့် တူသည်ဟု ပြောရလေမလား မသိပေ။ ... ကျွန်တော်ဖတ်ဖူးသော ဝတ္ထုများအနက် အဆုံးသတ်အကောင်းဆုံး စတ်ခုဖြစ်သည်ဟု အောက်မေ့သည်။ ... ” ဟုလည်းကောင်း၊ မလိခ၏ မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်၌ ဤဝတ္ထုအကြောင်း ဝေဖန်ဖော်ပြထားရာ၌ “ ... စိတ်ကူးယဉ် အချစ်ကိစ္စကို ရေးဖွဲ့ရာ၌ နှစ်သက်ဖွယ်ကောင်းသလို အိမ်ထောင်ရေးအချစ်ကိုလည်း ပိုင်နိုင်စွာ ရေးဖွဲ့နိုင်သည်ဟု ဆိုရမည်။ ... အချစ်၊ အိမ်ထောင်ရေးနှင့် အစွဲအလမ်းတို့ သဘောကိုပြ(သည့်) ... စိတ္တဗေဒအချစ်ဝတ္ထု ...” ဟုလည်းကောင်း ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|