|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဆရာတော်ကြီးများ၏ ချီးကျူးပူဇော်ပွဲများကို တက်ရောက်ရင်း ရေးဖြစ်ခဲ့သည့် ဆောင်းပါးများ၊ ဆရာတော်ကြီးများကို ကိုယ်တိုင် ဖူးတွေ့ရသည့်အခါ ဖြစ်ပေါ်လာသည့် ကြည်ညိုစိတ်နှင့် ရေးသားခဲ့သည့်ဆောင်းပါးများ စုစုပေါင်းအားဖြင့် ဆောင်းပါး ၁၅ ပုဒ်ကိုစုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ရွှေကျင်ဆရာတော်ကြီး၊ မြောင်းမြဆရာတော်ကြီး၊ ကြေးမြင့်ဆရာတော်ကြီး၊ ပိုက်ကျုံးဆရာတော်ကြီး၊ ရွှေဟင်္သာဆရာတော်ကြီး၊ ညောင်ရွှေကန်ကြီးဆရာတော်ကြီး၊ မိုင်းသောက် ကျောက်နီတောရ ဆရာတော်ကြီး၊ သင်္ဂဇာဆရာတော်ကြီး၊ ဝဇီရာရာမဆရာတော်ကြီး၊ အရိယမဂ္ဂင်ချောင်ဆရာတော်ကြီး၊ တပ်ကုန်းတောရဆရာတော်ကြီး၊ ပခုက္ကူဆရာတော် ဦးကေလာသ၊ ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီးအပါအဝင် သာသနာမှာ ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများအကြောင်းကို စာအုပ်ပါ ဆောင်းပါးများတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာရေးသူက အမှာစာရေးပေးထားရာ၌ “ ... ဒီစာအုပ်လေးဟာ ကျမ်းကြီးကျမ်းခိုင် မဟုတ်ပေမယ့် ဒီခေတ်လူငယ်တွေ စိတ်ဝင်စားပြီး ဖတ်ချင်စရာကောင်းတဲ့ စာအုပ်ကလေးမျိုးတော့ ဖြစ်လာပါစေ။ တို့ကိုးကွယ်တဲ့ သာသနာမှာ ဘယ်လိုသံဃာကြီးတွေရှိတယ်၊ တို့ သိမီတာရော မသိမီလိုက်တာတွေရော ဘယ်လိုပါကလားဆိုပြီး သာသနာတော်ကို ကြည်ညိုမြတ်နိုးလေးစားစိတ် တိုးပွားပါစေဆိုတဲ့ စေတနာနဲ့ စုစည်းတင်ပြတာ ဖြစ်ပါတယ်။ ... ”ဟု ဆောင်းပါးများ ရေးသားဖြစ်ရခြင်း ရည်ရွယ်ချက်ကို ညွှန်းဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|