|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ကမ္ဘာ့ကွန်မြူနစ်ဝါဒနှင့် မြန်မာကွန်မြူနစ်များ
-
-
Author(s):
တက္ကသိုလ်မြတ်သူ
- Type: Myanmar Books
-
Category:
သမိုင်း
,
နိုင်ငံရေး
- No of Pages: 517
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 15 cm x 23 cm
|
- Description: Northern Star ဂျာနယ်တွင် စာရေးသူ အပတ်စဉ်ရေးသားခဲ့သော ကမ္ဘာနှင့် မြန်မာကွန်မြူနစ်ဆောင်းပါးများကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာပြည်သို့ ကွန်မြူနစ်ဝါဒ စတင်ရောက်ရှိချိန်မှသည် ဗမာပြည်ကွန်မြူနစ်ပါတီနိဂုံးချုပ်ချိန်အထိ ဗကပ၏ သမိုင်းကြောင်းကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ထားသည်။ ကိုလိုနီခေတ်ကတည်းက မြန်မာပြည်တွင် ကွန်မြူနစ်ဝါဒ ရောက်ရှိခဲ့ပုံ၊ ဖဆပလအဖွဲ့ကြီးကို သခင်သန်းထွန်းတို့၏ ကွန်မြူနစ်တို့က အပိုင်စီးရန်လုပ်ဆောင်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပစ်ခဲ့ပုံ၊ လွတ်လပ်ရေး မရခင်ကပင် သခင်စိုး၏ အလံနီ ကွန်မြူနစ်ပါတီသည် တောခိုခဲ့သလို လွတ်လပ်ရေးရစအချိန်၌ သခင်သန်းထွန်း၏ ဗကပသည် လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ခဲ့ပုံ၊ အစိုးရနှင့် လက်ဝဲသမားများသည် အကြိမ်ကြိမ် စေ့စပ်ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပုံ၊ နောက်ပိုင်းတွင် အစိုးရတပ်များ၏ စစ်ရေး အသာစီးရမှုကြောင့် ဗကပများသည် နယ်စပ်သို့ ဆုတ်ခွာခဲ့ရပုံ၊ ဗကပတို့အပေါ် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးကြီးများအကြောင်း၊ ဗကပတို့သည် တရုတ်တို့၏ လူအင်အား၊ လက်နက်အင်အားနှင့် နည်းပညာအကူအညီများကို ရရှိခဲ့ပုံ၊ အစိုးရတပ်အတွင်း၌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ဗကပတို့အား သတင်းပေးလုပ်ဆောင်ခဲ့၍ တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရပုံ၊ သူသည် နောက်ပိုင်းတွင် တောခိုသွားခဲ့ပုံ၊ ၁၉၈ဝ နောက်ပိုင်းတွင် ဗကပ(ဗဟို)ကို ဝနှင့် ကိုးကန့်တိုင်းရင်းသားများက ပုန်ကန်ခွဲထွက်ခဲ့ကြပုံ၊ နောက်ဆုံးတွင် ဗကပပြိုကွဲကာ ခေါင်းဆောင်ပိုင်းများ တရုတ်ပြည်သို့ ထွက်ပြေးခဲ့ပုံများကို ဆောင်းပါး ၁၂၈ ပုဒ်ခွဲ၍ အထောက်အထားများနှင့်အတူ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင် ဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|