|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကိုလိုနီခေတ်၌ အင်္ဂလိပ်နယ်ချဲ့တို့က အမုန်းဆုံး၊ အကြီးဆုံး နံပါတ် ၁ ရန်သူဟု သတ်မှတ်ခံထားရသူ၊ မြန်မာသာမက ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေးကို ဆောင်ရွက်ခဲ့သူ၊ မြန်မာနိုင်ငံ၏ စာပေဖခင်ကြီး၊ လွတ်လပ်ရေးအတွက် မျိုးဆက်သစ်လူငယ်များကို ရှာဖွေဖော်ထုတ်ပေးခဲ့သူ သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိနှင့် ဆရာကြီး အသက် ၁ဝဝ ပြည့်မြောက်သည့် ၁၉၇၆ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် မှိုင်းရာပြည့် အရေးတော်ပုံအကြောင်းကို မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။ မှိုင်းရာပြည့် အရေးတော်ပုံအကြောင်းကို ရေးသားထားရာ၌ ပထမပိုင်းတွင် ဗိုလ်ချုပ်နေဝင်းသည် သူကိုယ်တိုင် ရာပြည့်ကော်မတီတွင် ပါဝင်ခဲ့သော်လည်း အခမ်းအနား ကျင်းပချိန်၌ နိုင်ငံရေးကိစ္စများ ရောယှက်လာမည်ကို စိုးရိမ်သောကြောင့် အကန့်အသတ် အချုပ်အချယ်များ လုပ်ဆောင်လာပုံ၊ ဖိအားပေးမှု, တင်းကြပ်ပိတ်ပင်တားမြစ်မှုများကြောင့် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့သည် ရာပြည့်ကော်မတီမှ နှုတ်ထွက်ခဲ့ပုံ၊ အခမ်းအနားတွင် တက္ကသိုလ်ကျောင်းသားများ စုရုံး စည်းလုံးလာခဲ့ပုံ၊ ဗိုလ်ချုပ်နေဝင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ အခမ်းအနားပျက်အောင် လုပ်ဆောင်ခဲ့သော်လည်း ကျောင်းသားများက ဦးဆောင်ပြီး စည်စည်ကားကား လုပ်ဆောင်ခဲ့ပုံ၊ အခမ်းအနားပြီးချိန်၌ ကျောင်းသားအုပ်အတွင်းသို့ စစ်ကားကို အလွန်ပြင်းထန်သည့် အရှိန်ဖြင့် ဝင်ရောက်ရမ်းကားခြင်းဖြင့် ဗိုလ်ချုပ်နေဝင်းသည် ကျောင်းသားထုကို ရန်စခဲ့ပုံ၊ နောက်ဆုံးတွင် ကျောင်းသားများသည် တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် သပိတ်စခန်းဖွင့်၍ သူတို့၏ ခေတ်အဆက်ဆက်မှ မြိုသိပ်ထားခဲ့ရသည့် မကျေနပ်ချက်များကို ဖွင့်ဟတောင်းဆိုခဲ့ကြပုံ၊ အဆုံးသတ်တွင် စစ်တပ်သည် ကျောင်းတွင်းသို့ဝင်ကာ အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့ပုံ၊ ကျောင်းသား ၂၃ဝ ကျော်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ် နှိပ်ကွပ်ခဲ့ပုံများကို သခင်ကိုယ်တော်မှိုင်း၏ ရှားပါးဓာတ်ပုံများနှင့် အတူ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|