|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ငါ့နဲ့မတူ ငါ့ရန်သူ
-
-
Author(s):
ဒေါက်တာအောင်ခင်
- Type: Myanmar Books
-
Category:
သမိုင်း
,
နိုင်ငံရေး
- No of Pages: 100
- Binding: Paperback
- Publication Month Year: Mar-2013
- Size: 14 cm x 21 cm
|
- Description: လွတ်လပ်သော အာရှအသံမှ စီစဉ်ထုတ်ဝေခဲ့သည့် “လေလှိုင်းထဲက စာအုပ်စင်” ကဏ္ဍပါ အသံလွှင့်ဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ Mary P. Callahan ရေးသားသည့် Making Enemies စာအုပ်ပါအကြောင်းအရာများကို သုံးသပ်ထားသော ဆောင်းပါးများ ဖြစ်ကြသည်။ လျှို့ဝှက်သည့် စစ်သဘာဝကြောင့် စစ်တပ်ကို လေ့လာရာတွင် အခက်အခဲအမျိုးမျိုးရှိသည့်ကြားက အမေရိကန်သူ မူရင်းစာရေးသူသည် တပ်မတော် မော်ကွန်းတိုက်ကို ၆ လကြ သုတေသနလုပ် အသုံးပြုခွင့်ရခဲ့သည်။ ထိုသို့ သုတေသနလုပ်ခွင့်ရ၍ စုဆောင်းမိသည့် အချက်အလက်များ၊ ပြည်တွင်း, ပြည်ပ တွေ့ဆုံမေးမြန်းချက်များ, တပ်မတော်နှင့် ပတ်သက်၍ စာနယ်ဇင်းနှင့် မြန်မာတက္ကသိုလ်များက မဟာဝိဇ္ဇာကျမ်းများကို ဖတ်ရှုလေ့လာပြီးနောက် စာအုပ်ကို ပြုစုထားခြင်း ဖြစ်သည်။ သူသည် ၁၉၉၁ ခုနှစ် ပြည်ဝင်ခွင့်ဗီဇာရရှိ၍ ရန်ကုန်တွင် နေထိုင်စဉ်ကာလတွင်လည်း ဆန္ဒပြသည့် ကျောင်းသားများနှင့် သူတို့ကို နှိပ်နင်းသည့် စစ်သားများကိုပါ မြင်တွေ့ခဲ့ရသူလည်း ဖြစ်သည်။ ဂျပန်ခေတ် ဗမာ့တပ်မတော် ပေါ်ထွန်းလာချိန်မှသည် ယနေ့ချိန်ခါအထိ ဗမာ့တပ်မတော်သမိုင်းကြောင်းကိုလည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ စ,တင်ကာ မြန်မာ့နိုင်ငံရေးစင်မြင့်၌ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရခြင်း အကြောင်းရင်းကို လည်းကောင်း စာအုပ်တွင် ရှုထောင့်စုံမှ သုံးသပ်ရေးသားထားသည်ကို တွေ့ရသည်။ ၁၉၆၂ ခုနှစ်မှ စ,တင်လိုက်သည့် စစ်အာဏာရှင်စနစ်နှင့် ဗိုလ်ချုပ်နေဝင်း, ဦးနု အစရှိသည့် အရပ်ဘက်, စစ်ဘက်အရာရှိကြီးများအကြောင်း၊ စစ်အာဏာရှင်များသည် ခေတ်အဆက်ဆက်၌ ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်လာမည့်သူတိုင်းကို ကြောက်ရွံ့ကြပုံ၊ ထို့ကြောင့်လည်း သူတို့ကို ပြိုင်တုလာသည့် ကျောင်းသားများ, နိုင်ငံရေးသမားများ, အနုနည်း, အကြမ်းနည်းများဖြင့် ဖယ်ရှားခဲ့ကြပုံနှင့် လူမသိသေးသည့် နိုင်ငံရေးဖြစ်စဉ်များကို စာအုပ်တွင် အသေးစိတ် လေ့လာဖတ်ရှုကြရမည် ဖြစ်သည်။ “ ... လွတ်လပ်ရေး တိုက်ပွဲဝင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းက စည်းလုံးညီညွတ်မှုကို ပြနိုင်တဲ့အတွက် အင်္ဂလိပ်က လွတ်လပ်ရေးပေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီသမိုင်းဓလေ့ကို မကျော်နိုင်တဲ့အတွက် မြန်မာ့နိုင်ငံရေးဟာ စည်းလုံးညီညွတ်ရေး တောင်းဆိုတဲ့အဆင့်ထက် ပိုပြီး မရင့်ကျက်လာသေးကြောင်း ...” ဟုဆိုကာ စာအုပ်ကို နိဂုံးချုပ် အဆုံးသတ်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|