|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓနည်းကျ မဂ္ဂင်ရှစ်ပါးဖြင့် စီးပွားတည်ဆောက်ခြင်း
-
-
Author(s):
မင်းဟန်စည်
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 175
- Binding: Paperback
- Publication Month Year: May-2013
- Size: 13 cm x 21 cm
|
- Description: Nancy Spears ရေးသားသည့် The Eight Path to enlightening your workplace and improving your bottom စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ချမ်းသာကြွယ်ဝဖို့ရန်အတွက် ယနေ့ခေတ်ချိန်ခါတွင် သရဲမရဲစီးသလို ငွေရှာနေကြသော စီးပွားရေးလောကတွင် ကျင့်ဝတ်သီလ ပျောက်ဆုံးနေသည်ကို ရိပ်စားမိခဲ့သည့် မူရင်းစာရေးသူသည် သူကျင်လည် ကျက်စားခဲ့ရသော စီးပွားရေး အမှုကိစ္စများကို အမှုမဲ့ အမှတ်မဲ့ မနေဘဲ ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ပါးနှင့်အညီ ကျင့်ကြံခဲ့သလို မိမိတစ်ဦးတည်း ချမ်းသာရာ ချမ်းသာကြောင်း တစ်ဘို့တည်း မဟုတ်မူဘဲ အများအတွက်ပါ ထည့်သွင်းစဉ်းစားခဲ့သည်။ ထို့ကြောင့်လည်း သူ၏ လုပ်ငန်းများသည် ငွေကြေးအရ အောင်မြင်မှု ရရုံမျှသာမက ဂုဏ်သိက္ခာအရပင် အများ၏ လေးစားမှုကို ခံခဲ့ရသည်။ ယခုစာအုပ်သည် သူ၏ ဆန္ဒမှ ထွက်ပေါ်လာသော အကျိုးတရားတစ်ခုပင် ဖြစ်သည်။ လုပ်ငန်းခွင်ရှိ မိမိ၏ လုပ်ဖော်ကိုင်ဖက်များ၊ မိမိအောက်ရှိ ဝန်ထမ်းများအား ကရုဏာနှင့် ပညာတို့ ပေါင်းစပ်ထားသော လောကအမြင်ဖြင့် ကြည့်တတ်လာအောင် လမ်းညွှန်ထားသည့်အပြင် အချိန်အခါမလပ် အကျိုး ဖြစ်ထွန်းစေတတ်သည့် ဆက်သွယ်ပေါင်းကူးနည်းလမ်းများနှင့် မိမိ၏ ကိုယ်စွမ်းကိုယ်စကို ပေါင်းစပ်ထားသော စီမံခန့်ခွဲမှု ပုံစံသစ်ကိုလည်း စာအုပ်တွင် ဖော်ထုတ်ရေးသားထားသည်။ တစ်နည်းအားဖြင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်ရှစ်ပါးကို မိမိလုပ်ငန်းခွင်တွင် မည်သို့ လက်တွေ့ကျင့်သုံး၍ စီမံခန့်ခွဲနိုင်ပုံနှင့် ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ရေးသားရှင်းလင်းထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|