|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အင်းဝခေတ်၊ ကုန်းဘောင်ခေတ်မှသည် ယနေ့ခေတ်အချိန်အခါအထိ ခေတ်အဆက်ဆက်၌ နိုင်ငံတော်နှင့် ပြည်သူအတွက် ကျရာနေရာမှ မိမိတို့၏ ချွေး၊ သွေး၊ ဉာဏ်ရည်တို့ကို ပေးဆပ်ကာ စိတ်အားထက်သန်မှု၊ ဇွဲသတ္တိရှိမှု၊ အနစ်နာခံနိုင်မှု၊ စွန့်စားကြိုးပမ်းမှု၊ နည်းပရိယာယ်ကြွယ်ဝမှု၊ အမျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ် အပြည့်အဝဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှ အကျော်ဒေးယျ အမျိုးသမီးများ၏ စွမ်းဆောင်ချက်များကို မှတ်တမ်းတင် ဂုဏ်ပြုရေးသားထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမား ၁၅ ဦး၊ ရှင်စောပုအပါအဝင် မင်းမိဖုရား ၆ ပါး၊ လှိုင်ထိပ်ခေါင်တင်၊ စုဖုရားလတ်၊ ဆင်ဖြူမရှင်ဘုရားအပါအဝင် ရှေးခေတ် စာဆိုတော် ၁ဝ ဦး၊ ခင်နှင်းယု၊ ငွေတာရီ၊ လူထုဒေါ်အမာ၊ စောမုံညင်း၊ ဒဂုန်ခင်ခင်လေး၊ စိန်စိန်၊ ခင်ဆွေဦးအပါအဝင် သတင်းစာလောကနှင့် စာပေလောကမှ ပုဂ္ဂိုလ် ၁၆ ဦး၊ ကြည်ကြည်ဌေး၊ မေရှင်အပါအဝင် အနုပညာရှင် ၄ ဦး၊ ဒေါ်ကြန်၊ ဒေါ်မြစိန်အပါအဝင် သမိုင်းပညာရှင် ၄ ဦးတို့၏ ဘဝဖြစ်စဉ်ကို သူတို့၏ နိုင်ငံရေး၊ စာပေ၊ အနုပညာ လုပ်ဆောင်ခဲ့မှုများနှင့်အတူ စိတ်ဝင်စားဖွယ် လေ့လာကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|