|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဇာတကကြေးမုံ
-
-
Author(s):
တော်ဝင်နွယ်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 200
- Binding: Paperback
- Publication Month Year: Mar-2013
- Size: 12 cm x 18 cm
|
- Description: ငါးရာ့ငါးဆယ် ဇာတ်တော်များသည် မြန်မာစာပေ၏ သန္ဓေတည်ရာ အစအမွန် ဖြစ်သလို မြန်မာ့ယဉ်ကျေးမှု မြန်မာ့မှုဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာများ၏ အခြေခံအနှစ်သာရဖြစ်သည့်အတွက် အလွန် မြတ်နိုးထိုက်သော ဘာသာရေး အမွေအနှစ်များပင် ဖြစ်သည်။ ရှေးမြန်မာလူမျိုးများသည် ဇာတ်တော်များနှင့်အတူ မွေးဖွားကြီးပြင်း၊ လေ့လာသင်ယူ မွေ့လျော်ပျော်ပိုက်ကြသဖြင့် ဇာတ်တော်များက ထုဆစ်ပေးလိုက်သည့် နှလုံးသားများနှင့်အတူ လူတော်လူကောင်းများ ဖြစ်ကြသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ဇာတ်တော်များကို ဖတ်ရှုလေ့လာခြင်းအားဖြင့် မကောင်းမှုကိုရှောင် ကောင်းမှုကို အတုယူဆောင်ရွက်လိုစိတ် ဖြစ်ခြင်း လောကနှင့် သတ္တဝါများ၏ စရိုက်သဘာဝကို သိမြင်ဆင်ခြင်ပြီး သံဝေဂယူတတ်စေခြင်း၊ ဘဝသံသရာစက်တွင် လည်ပတ်ခံစားရဖုံ အစုံစုံကို ဉာဏ်သက်ဝင်သိမြင်စေခြင်း၊ မြတ်စွာဘုရားအဖြစ် မရောက်မီ အလောင်းတော်ဘဝနှင့် အဆင့်ဆင့် ပါရမီဖြည့်ကျင့်ရပုံကို ကြည်ညိုသဒ္ဓါပွားစေနိုင်ခြင်း အပါအဝင် အကျိုးကျေးဇူးများစွာကို ခံစားရမည်ဖြစ်ရာ ထို ၅၅ဝ ဇာတ်တော်များတွင်မှ ဇာတ်တော်ပေါင်း ၂၂ ဇာတ်အကြောင်းကို ယခုစာအုပ်တွင် ဇာတ်မိတ်ဆက်နိဒါန်း၊ ဇာတ်တော်အကျဉ်းစာကိုယ်၊ သတိပြု ဆင်ခြင်ဖွယ် အဆုံးသတ်နိဂုံနှင့်အတူ ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|