|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နိုင်ငံရေးသမားနှင့် နိုင်ငံရေး (The Politician and Politics)
-
-
Author(s):
ဦးတင်မောင်ဝင်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 595
- Binding: Paperback
- Publication Month Year: Aug-2014
- Size: 16 cm x 21 cm
|
- Description: ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ မြန်မာ့လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သလို ဦးနု၏ ဖဆပလခေတ်တွင်လည်း ကာကွယ်ရေးဝန်ကြီး၊ သာသနာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး အစရှိသည့် ထိပ်ပိုင်းတာဝန်များကို ထမ်းဆောင်ခဲ့သူ ဦးဝင်း၏ သားရင်းဖြစ်သူ ဦးတင်မောင်ဝင်း (၁၉၃၈ - ၁၉၉၉)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ သူသည် ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူ ဦးဝင်းနှင့်အတူ နိုင်ငံရေးလောကတွင် ကျင်လည်ခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ၏ နိုင်ငံရေးလုပ်ငန်းများကို အနီးကပ်ကူညီပေးခဲ့သူလည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ စစ်အစိုးရ အာဏာသိမ်းပြီးသည့်အချိန်၌မူ နိုင်ငံရေးနယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ လျှို့ဝှက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သူဖြစ်သည်။ ဦးနု ပြည်ပြေးဘဝရောက်ချိန်၌ ပြည်တွင်း၌ ကျန်ရစ်ခဲ့သည့် သူတို့သားအဖသည် တောလမ်းခရီးမှ ယိုးဒယားနယ်စပ်သို့ ထွက်ပြေးခဲ့ရာ ဖခင်ဖြစ်သူသည် လမ်းခရီး၌ လမ်းခရီးကြမ်းတမ်းမှုကြောင့် ကွယ်လွန်ခဲ့ရသည်။ သူသည် ဦးနုခေါင်းဆောင်သော “ပါလီမန်ဒီမိုကရေစီ”တွင် ဗဟိုကော်မတီ၊ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် အထူးတပ်ရင်း ၁ ၏ တပ်ရင်းမှူး၊ ပြည်ချစ်လူငယ်တပ်ပေါင်းစု၏ ဥက္ကဋ္ဌ၊ ဗဟိုစိတ်ဓာတ်စစ်ဆင်ရေးဌာန၊ ပြည်ချစ်လူငယ် တပ်ပေါင်းစု အသံလွှင့်ဌာန၏ တာဝန်ခံအဖြစ် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ သူသည် KNU ခေါင်းဆောင် စောဗိုလ်မြ၏ ယုံကြည်စိတ်ချခြင်း ခံခဲ့ရသူတစ်ဦးအဖြစ် အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း တာဝန်ပေးခြင်း ခံခဲ့ရသည်။ ထို့နောက် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီ ပြည်လည်တည်ဆောက်ရေး ဦးစီးကော်မတီ (CRDB)၏ နိုင်ငံတကာ ဥက္ကဋ္ဌ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (မဒမခ)၏ အထွေထွေ အတွင်းရေးမှူး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောက်စီ၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုစာအုပ်တွင် သူ၏ ငယ်ဘဝဖြတ်သန်းမှုနှင့်တကွ ဖဆပလခေတ်၌ ဖခင်ဖြစ်သူ ဦးဝင်းအတူ လိုက်ပါလျက် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ခဲ့မှုများ၊ ဖဆပလအဖွဲ့တွင်း သဘောထားကွဲလွဲမှုများနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအကြောင်း၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ထောက်လှမ်းရေးများ၏ ဖမ်းဆီးနှိပ်စက်ခြင်း, နှောင့်ယှက်ခြင်းများကို ခံခဲ့ရပုံများ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ခရီးလမ်း၊ ပြည်ချစ်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံရသည် အခက်အခဲများ၊ ပြည်ချစ်အဖွဲ့အစည်းများ ဘာကြောင့်ပြိုကွဲခဲ့ရပုံ၊ ထိုင်းနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအကြောင်းနှင့် သူတို့၏ အတွင်းရေးတို့ကို အတွင်းကျကျ ရေးသားဖွင့်ချ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|