|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အာဏာ
-
-
Author(s):
ထွန်းတင့်အောင်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 307
- Binding: Paperback
- Publication Month Year: Aug-2013
- Size: 13 cm x 20 cm
|
- Description: ကမ္ဘာကျော် တွေးခေါ်ပညာရှင်ကြီးလည်းဖြစ်၊ သင်္ချာပညာရှင်လည်းဖြစ်သူ Bertrand Russell ရေးသားသည့် Power စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူလူထုဟု ဆိုသည်မှာ မှန်သော်လည်း အာဏာသည် အတ္တသမားများ၏ ကိုယ်ပိုင်ဥစ္စာသဖွယ် ဖြစ်လာကာ ပဒေသရာဇ် ဧကရာဇ်ဘုရင်များလက်ထက်သို့ လည်းကောင်း၊ အထက်တန်းစား မင်းဆွေမင်းမျိုး အုပ်ချုပ်သူများလက်သို့လည်းကောင်း၊ လူနည်းစု အုပ်ချုပ်သူများလက်သို့လည်းကောင်း တစ်လက်မှ တစ်လက်သို့ ကူးပြောင်းရောက်ရှိခဲ့သည်ကို ကမ္ဘာ့သမိုင်းကို လေ့လာလျှင် သိရှိနိုင်ကြမည် ဖြစ်သည်။ အာဏာကို အပိုင်စီးထားသူများက အာဏာကို မိမိစိတ်ကြိုက်သုံးစွဲရာမှ ဘုရင့်အာဏာ၊ ဘုန်းကြီးအာဏာ၊ ဗြောင်အာဏာ၊ တော်လှန်ရေးအာဏာ၊ စီးပွားရေးအာဏာ အစရှိသည်ဖြင့် အာဏာအသွင်သဏ္ဍာန်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ တဖန် ဆိုရှယ်လစ်, ကွန်မြူနစ်စသည်တို့ဖြင့် ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်ထည့်ရန် ကြိုးစားချက်များသည်လည်း ကြိုးစားသူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်သွားသည်ကိုလည်း ကမ္ဘာ့သမိုင်းကြောင်းကို လေ့လာလျှင် အလွယ်တကူ သိရှိနိုင်ကြမည် ဖြစ်သည်။ အမှန်စင်စစ် အာဏာကို မူလပိုင်ရှင်ဖြစ်သူ ပြည်သူလူထုလက်ထဲပြန်ရောက်ရေး အဓိကနည်းလမ်းမှာ ဒီမိုကရေစီသာ ဖြစ်သည်။ ယခုစာအုပ်တွင် အာဏာ၏ အသွင်ပုံသဏ္ဌာန်၊ နယ်ပယ်အသီးသီးမှ အာဏာအမျိုးမျိုးအကြောင်း၊ အာဏာ၏ ရင်းမြစ်အဖြစ် အယူဝါဒများ၊ အာဏာ၏ အစိုးရပုံသွင်များ၊ အာဏာရ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအကြောင်း၊ အာဏာနှင့် ကိုယ်ကျင့်တရား, အယူအဆ, ကျင့်ဝတ်နီတိအကြောင်း၊ အာဏာကို ထိန်းချုပ်ပုံများကို အသေးစိတ် ရှင်းလင်းထားသည်။ စစ်အာဏာရှင်စနစ်ကို ဆိုးရွားစွာ ခံခဲ့ရသည့် မြန်မာနိုင်ငံသားများ အထူးလေ့လာဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၃ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန် သုတ)ကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|