|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဒေါ်စုမှ ပြည်သူသို့ ဒီမိုကရေစီဆိုင်ရာ ပြောစကား ၂၅ ခု (၁၉၉၅ - ၁၉၉၆) (Daw Su's 25 Dialogues With The People 1995 - 1996) (အင်္ဂလိပ် + မြန်မာ)
-
-
Author(s):
ကိုကိုသက်
,
Frankie Tun
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 543
- Binding: Paperback
- Publication Month Year: Mar-2014
- Size: 12 cm x 16 cm
|
- Description: ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်က ထုတ်ဝေသော “Thoughts and Behaviours of Aung San Suu Kyi” စာအုပ်ပါ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအချို့ကို အင်္ဂလိပ် မြန်မာ ၂ ဘာသာဖြင့် ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တစ်ဝိုက်က အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် စနေနှင့် တနင်္ဂနွေတိုင်း တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်ရှေ့တွင် လူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းများပြောခြင်း၊ နိုင်ငံရေး အမေးအဖြေများပြုလုပ်ခြင်းများကို ပြုလုပ်ခဲ့ရာ ၎င်းတို့အနက်မှ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လနှင့် ၁၉၉၆ ခုနှစ် စက်တင်ဘာလအတွင်း လူထုနှင့် ပြုလုပ်ခဲ့သော အမေးနှင့် အဖြေများကို ဤစာအုပ်တွင် မှတ်တမ်းတင်ဖော်ပြပေးထားသည်။ စစ်အစိုးရ ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများကြားမှ ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲများတွင် စစ်အာဏာရှင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူလူထု ကြုံတွေ့နေရသည့် စားဝတ်နေရေး ကြပ်တည်းမှုများ၊ ဖိနှိပ်မှုများ၊ နိုင်ငံရေးပြဿနာများအကြောင်းကို လူထုက ပွင့်ပွင့်လင်းလင်း အားကိုးတကြီး မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ အမြင်နှင့် အယူအဆများကို မချွင်းမချန် ပြန်လည်ဖြေကြားပေးထားသည်။ စာအုပ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရင့်ကျက်မှုနှင့် အတွေးအခေါ်မြင့်မားမှုတို့ကိုလည်း တွေ့ရှိနိုင်ကြမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|