|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: B. Suranrain Prao & V. Subramanya Sastri ရေးသားသည့် Varaha Mihira's Brihat Jataka စာအုပ်ကို ဆရာကြီး ဒေါက်တာကံညွန့်က ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဇာတာတွင် အသုံးပြုသော အခြေခံအချက်အလက်များအကြောင်း၊ ဂြိုဟ်တို့၏ အကြောင်းခြင်းရာ အစုံအလင်၊ ပိုးမွှားသတ္တဝါ, ငှက်, သစ်ပင်များ မွေးဖွားဖြစ်ပေါ်လာပုံအကြောင်း၊ အရွယ်ရောက်ခြင်း၊ ရာသီသွေးဖြစ်ပေါ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ သားသန္ဓေရရှိခြင်းအကြောင်း၊ မွေးချိန်အတိအကျ မသိလိုက်သူများအတွက် တွက်ချက်နည်းများ၊ ကလေးအသက်ရှည် မရှည်တွက်ချက်နည်းများ၊ ဇာတာရှင်တစ်ဦး၏ ဘဝသက်တမ်းတွက်ချက်နည်း၊ ဂြိုဟ်တို့၏ အကျိုးပေးမည့် မဟာကာလနှင့် မဇ္ဈိမကာလများအကြောင်း၊ အဋ္ဌဝဂ္ဂအကြောင်း၊ ဇာတာရှင်၏ အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းအမှုတို့တွင် မည်မျှအောင်မြင်မှု ရရှိနိုင်သည်ကို တွက်ချက်နည်း၊ မင်းအာဏာကို ကြီးမားစွာ ရရှိနိုင်သော အနေအထားများအကြောင်း၊ ဂြိုဟ်တို့၏ အဆက်အစပ်နှင့် ဆင့်ပွားပေါင်းစပ်ပုံ၊ “နေ”မှ “စန်း”အနေအထားကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ဂြိုဟ်နှစ်လုံး (သို့မဟုတ်) ဂြိုဟ်သုံးလုံးပူးယှဉ်မှုကြောင့် ဖြစ်ပေါ်လာမည့် အခြင်းအရာ၊ ဘာသာရေးနှင့် ယောဂီ၊ တပသီဖြစ်မည့် ယုဂ်များအကြောင်း၊ လဂ်စီးသော နက္ခတ်၏ ဇာတာရှင် ကိုယ်နှင့် စိတ်အပေါ် လွှမ်းမိုးမှု၊ ရာသီစက်တွင် ၁၂ ရာသီတို့၏ စန်းရပ်တည်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကြောင်းခြင်းရာ၊ ထူးခြားသော ယောဂများအကြောင်း၊ ဂြိုဟ်တို့၏ ကာရကအကြောင်း၊ ကံဆိုးစေတတ်သော ယောဂများအကြောင်း၊ အမျိုးသမီးများအတွက် ထူးခြားသော ဂြိုဟ်ပူး၊ ဂြိုဟ်ယှဉ်၊ ဂြိုဟ်မြင်များအကြောင်း၊ သေခြင်းအကြောင်းကို ဖြစ်စေတတ်သော ဂြိုဟ်ပူး၊ ဂြိုဟ်ယှဉ်၊ ဂြိုဟ်မြင်များ၊ သေပုံသေနည်းလမ်းများအကြောင်း၊ ဇာတာရှင်မွေးသည့် ခုနှစ်သက္ကရာဇ်၊ လ၊ ရက်စွဲနှင့် မွေးချိန် ပြန်လည်ရှာဖွေတွက်ချက်ပုံ၊ တြင်းများအကြောင်း၊ ခရီးယတြာနှင့် ပတ်သက်၍ အချိန်ကာလအပေါ် အခြေခံတွက်ချက်ပုံများကို အခန်း (၂၈) ခန်းခွဲ၍ အသေးစိတ် ရေးသားရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|