|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- တောင်ကိုရီးယားလေယာဉ်ကို ဖောက်ခွဲခဲ့သူ မြောက်ကိုရီးယားစပိုင်ဧကရီ၏ ဘဝဇာတ်ကြောင်း
-
-
Author(s):
အေးထွန်းမင်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 195
- Binding: Paperback
- Publication Month Year: Oct-2014
- Size: 18 cm x 18 cm
|
- Description: တက္ကသိုလ်ရောက်သည်အထိ ရည်စားထားခွင့်မရှိ၊ အိမ်ထောင်မပြုမီ ချိန်းတွေ့သည်ကို မိပါက အလုပ်ကြမ်းစခန်းသို့ လွတ်ရက်မရှိ ပို့သည့် မြောက်ကိုရီးယားနိုင်ငံမှ ဉာဏ်ရည်ထက်မြက်ပြီး ရုပ်ရည်ချောမောသူ စပိုင်တစ်ဦးအကြောင်းစာအုပ်ဖြစ်သည်။ သူ့ကို အသက် ၁၆ နှစ်အရွယ်က မြောက်ကိုရီးယား အလုပ်သမားပါတီက ရွေးချယ်ပြီး ကျိုးနွံသော လူသတ်စက်ရုပ်အဖြစ် အသုံးချနိုင်ရန် လက်နက်မဲ့ / လက်နက်ဖြင့် လူသတ်နည်းများ သင်ပေးခြင်း၊ ကိုယ်ခံပညာ၊ လက်နက်ငယ်ဖျောက်ခွဲရေး၊ ဝှက်စာဖော်၊ ကိုယ်ယောက်ဖျောက်၊ ကားအမြန်မောင်း အစရှိသည့် ထောက်လှမ်းရေးသမားတို့ တတ်အပ်သော ပညာများကို သင်ပေးခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် သူ့ကို ခေါင်းဆောင်ကြီး ကင်ဂျုံအီကိုယ်တိုင် အထူးတာဝန်ပေးအပ်ကာ တောင်ကိုရီးယားတို့၏ လေယာဉ်ကို ဘင်္ဂလာပင်လယ်အော်တွင် ဗုံးခွဲဖျက်ဆီးစေခဲ့သည်။ သူနှင့် သူ့အဖော်တို့သည် ထွက်ပြေးခဲ့သော်လည်း နာရီပိုင်းအကြာ၌ ဘာရိန်းတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ သူ့အဖော်သည် ဆိုင်ယာနိုက်အဆိပ်တောင့် ကိုက်လျက် မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး သူမမှာမူ အသက်ရှင်လျက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ တောင်ကိုရီးယား ဗဟိုထောက်လှမ်းရေး (KCIA)က သူမကို ညှဉ်းပန်းနှိပ်စက်မှု လုံးမမလုပ်ဘဲ စိတ်ဓာတ်စစ်ဆင်ရေး အကွက်ဆင်ခြင်းသက်သက်ဖြင့်သာ သံမဏိကဲ့သို့ခိုင်မာနေသည့် သူမ၏ ကွန်မြူနစ်သန္နိဋ္ဌာန်ကို ရိုက်ချိုးနိုင်ခဲ့ကာ အမှုမှန်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုစာအုပ်တွင် သူမ၏ ဘဝ၊ မြောက်ကိုရီးယား လူထု၏ ဘဝနှင့်တကွ သူမတာဝန်ယူခဲ့ရသော အထူးတာဝန်၊ ၎င်းတာဝန်ကို မည်သို့ဆောင်ရွက်ခဲ့ပုံများကို သူမ၏ ဖွင့်ဟထုတ်ဖော်ဝန်ခံချက်များအဖြစ် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|