|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မန္တလေးတွင် ဟံသာဝတီသတင်းစာ ထုတ်ဝေခဲ့စဉ်က “စနေစာပေဝိုင်း” အမည်ဖြင့် စာတမ်းဖတ်ပွဲများ ကျင်းပခဲ့ရာ စာရေးဆရာ၊ သတင်းစာဆရာ ဦးသိန်းဖေမြင့် ကွယ်လွန်ပြီး ၃၃ ရက်ကြာ၌လည်း ဟံသာဝတီ စနေစာပေဝိုင်းတွင် ဦးသိန်းဖေမြင့်နှင့် ပတ်သက်၍ စာတမ်းသုံးစောင်ကို ဖတ်ကြားခဲ့သည်။ ထိုစာတမ်းများအနက် သခင်ကျော်စိန် ဖတ်ကြားခဲ့သည့် “နိုင်ငံရေးသမား သိန်းဖေမြင့်” စာတမ်းတွင် ဦးသိန်းဖေမြင့် မကွယ်လွန်မီ ၂၁-၂-၁၉၇၆ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ တင်သွင်းခဲ့သည့် အကြံပြုချက်စာတမ်းမှ အချက်အလက်အချို့ကို ဖော်ပြသည်ဟုဆိုကာ ဟံသာဝတီသတင်းစာကို ပိတ်ပင်ခဲ့သလို အယ်ဒီတာချုပ် ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ယခုစာအုပ်တွင် သခင်ကျော်စိန် ဖတ်ကြားခဲ့သော ၎င်းစာတမ်း၊ ဟံသာဝတီဦးဝင်းတင်၏ “သတင်းစာဆရာ သိန်းဖေမြင့်”စာတမ်းအပြင် ဦးသိန်းဖေမြင့် မကွယ်လွန်မီ လမ်းစဉ်ပါတီသို့ တင်သွင်းခဲ့သော အကြံပြုချက်စာတမ်းများကိုပါ တပါတည်း ထည့်သွင်းဖော်ပြပေးထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|