|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကြိုးတန်းပေါ်က ဘဝများ (ထိုင်း - မြန်မာနယ်စပ်မှ အပြောင်းအလဲအတွက် အသံများ) (Lives on the Line) (Voices fro Change from the Thailand - Myanmar Border)
-
-
Author(s):
Burma Link
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 146
- Binding: Paperback
- Publication Month Year: Mar-2016
- Size: 15 cm x 21 cm
|
- Description: ထိုင်း - မြန်မာနယ်စပ်တွင် ပြည်တွင်းစစ်ဘေးပဋိပက္ခများနှင့် ရုန်းကန်နေရပြီး ငြိမ်းချမ်းရေးရရန်အတွက် ပြောင်းလဲချင်စိတ်ရှိသူများဟု ဆိုနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ၊ ရွှေ့ပြောင်းကျောင်းသူကျောင်းသားများ၊ နယ်လှည့်ဆေးသူနာပြုများ၏ ရင်တွင်းမှ စကားသံများကို မှတ်တမ်းတင် ရေးသားထားသော စာအုပ်ဖြစ်သည်။ စာအုပ်စီစဉ်သည့် Burma Link အဖွဲ့အစည်းသည် မြန်မာလူထု၏ အသံကို ကမ္ဘာအရပ်ရပ်သို့တိုင် ကြားသိစေလိုသော ရည်ရွယ်ချက်ဖြင့် ထိုင်း - မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဖွဲ့စည်းတည်ထောင်ထားသော NGO အဖွဲ့အစည်း ဖြစ်သည်။ စာအုပ်ပါ ထိတ်လန့်စရာ၊ ဝမ်းနည်း, ဝမ်းသာဖြစ်စရာ၊ အံ့အားသင့်စရာကောင်းသည့် ဘဝဖြစ်ရပ်မှန်များမှတဆင့် စာဖတ်သူများကို မျှော်လင့်ချက်၊ ကိုယ်ချင်းစာမှု၊ တရားမျှတမှုအတွက် ရပ်တည်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုကို တွန်းလှန်ခြင်း၊ မိမိ၏ အခွင့်အရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီအရေးတို့ကိုကို ကာကွယ်ခြင်း အစရှိသည့် ခွန်အားများကို ပေးမည်ဟု စာအုပ်စီစဉ်သူက ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|