|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာစာပေကျမ်းဂန်တွင် “အာဒိကပ္ပကျမ်း”ဟူ၍ ရှိရာ “အာဒိကပ္ပ” ဆိုသည့်အဓိပ္ပာယ်မှာ ကပ်ကမ္ဘာ၏ အစဖြစ်သည်။ ထိုကျမ်းတွင် ကမ္ဘာကြီး စ,တင်ဖြစ်ပေါ်ပုံ၊ ကမ္ဘာဦးလူတို့ လူ့ဘောင်ကို တည်ဆောက်ပုံတို့ကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။ ထိုကျမ်းကို စာဖတ်သူများ လေ့လာခြင်းအားဖြင့် မိမိတို့၏ ဇာတိကို သိရှိနိုင်ကြသလို အလွန်ရိုးသော မြန်မာစာပေအဖွဲ့တွင် အလွန်ခေတ်ဆန်သော အတွေးအခေါ်များ ရှိကြောင်းကိုလည်း သိရှိနိုင်ကြမည် ဖြစ်သည်။ ထို့ပြင် မြန်မာတိုင်းရင်းသားတို့သည် တစ်မျိုးသားလုံး၏ ညီညွတ်ရေးကို တည်ဆောင်နိုင်ပြီးလျှင် နှလုံးစိတ်ဝမ်း အေးချမ်းသောဘဝကို ရယူခဲ့ကြပုံ၊ ရှေးမြန်မာတို့၏ အုပ်ချုပ်ရေးစနစ်နှင့် စည်းလုံးညီညွတ်မှုတို့ကိုလည်း သိရှိနိုင်ကြမည် ဖြစ်သည်။ ယခုစာအုပ်တွင် ဆရာကြီးမောင်ထင်က “အာဒိကပ္ပ”ကျမ်းပါအကြောင်းအရာများကို နောက်ခံထား၍ ရောင်စုံသူပုန်ခေတ်ကာလအခြေအနေများနှင့် ချိန်ထိုးကာ သရော်စာဆန်ဆန်ဖြင့် ဆောင်ပါး (၅) ပုဒ်ခွဲကာ ရေးသားတင်ပြထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|