|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဆရာဝန်ကြီးမောင်မောင်ယေး (Patrick Yay) ရေးသားပြီး အင်္ဂလန်နိုင်ငံတွင် ထုတ်ဝေခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ Agony toAgony by Patrick
Yay စာအုပ်ကို လှသောင်းနှင့်ပြည့်ပြည့်က မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး မွေးဖွားခဲ့သော သူ၏ငယ်စဉ်ဘဝ၊ ဆေးကျော
င်းသားဘဝတွင် ကြုံခဲ့ရသောအဆင့်မြင့်ဆရာဝန်တစ်ချို့၏ လူ့ကျင့်ဝတ်သွေဖီသောလုပ်ရပ်များအောက်တွင် သူခံစားခဲ့ရသောဒုက္ခများ၊ လူငယ်ဘဝ
သူကြုံတွေ့ခဲ့ရသော လိင်မှုဆိုင်ရာများကို ပွင့်လင်းစွာ ရေးသားတင်ပြထားသည်။ ဆဲဗင်းဇူလိုင် အရေးအခင်းကို တက္ကသိုလ်တွင် တွေ့ကြုံခဲ့ရပြီး
နောက် စစ်အာဏာရှင်စနစ်ကို မုန်းတီးခဲ့သူ မြန်မာဆရာဝန်တစ်ယောက်၏
စိတ်ကူးအိမ်မက်ကို မည်သို့အကောင်အထည်ဖာ်ခြင်းနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် မည်သို့ကြိုးစားခဲ့ပုံကို စာအုပ်တွင် ဖတ်
ရှုကြရမည် ဖြစ်သည်။ စာရေးသူသည် ဒဿနိကဗေဒကို ဝါသနာပါပြီး ပန်းချီပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ယခုအခါဟန်ဂေရီနိုင်ငံတွင် နေထိုင်ပြီး
စာရေးသားခြင်း၊ ပန်းချီဆွဲခြင်းဖြင့် ဘဝနေဝင်ချိန်ကို အေးချမ်းစွာ ဖြတ်သန်းနေလျက်ရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|