|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: London School of Economics မှ စီးပွားရေးပါရဂူဘွဲ့ကို မြန်မာလူမျိုးများထဲက အသက်အငယ်ဆုံး ရရှိခဲ့သူ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စီးပွားရေး ဖွံ့ဖြိုးလာအောင် အဓိကလမ်းညွှန် ပေးခဲ့တဲ့ ကမ္ဘာ့အဆင့် Development Expert တစ်ယောက်၊ ယနေ့ ဂျပန်လို နိုင်ငံမျိုးကတောင် သူ့သီအိုရီတွေကို အသုံးပြုပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ခဲ့ရကြောင်း ဝန်ခံထားရသူ၊ နာမည်ကျော် ဘောဂဗေဒပညာရှင် မောင်စူးစမ်းရဲ့ ဆရာရင်း Dr. Hla Myint ရေးသားသည့် Southeast Asia's Economy: Development Policies in the 1970s' စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ အဓိကရင်ဆိုင်နေရတဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာအရပ်ရပ်ကို သုံးသပ်ပြီး အကြံဉာဏ်ပေးရန် ၁၉၆၉ ခုနှစ်၊ ဧပြီလ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ စတုတ္ထကြိမ်မြောက် အရှေ့တောင်အာရှ စီးပွား ရေးညီလာခံက (ADB) အာရှဖွံ့ဖြိုးရေးဘဏ်ကို မေတ္တာရပ်ခံခဲ့ရာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် (၁၉၇၀ - ၁၉၈၀) အရှေ့တောင်အာရှနိုင်ငံတွေ ဘယ်လိုစီးပွားရေးလမ်းစဉ်ချမှတ်သင့်သလဲဆိုတာ ကျွမ်းကျင်သူတွေက အကြံပေးဖို့ သက်ဆိုင်ရာအစိုးရတွေကို တောင်းဆိုခဲ့ပါသည်။ ထိုတောင်းဆိုချက်အရ ကဏ္ဍပိုင်းဆိုင်ရာ အစီရင်ခံစာ Special Reports တွေကို သက်ဆိုင်ရာပညာရှင်အသီးသီးက ရေးသားပြီး အရှေ့တောင်အာရှ စီးပွားရေးတစ်ခုလုံး ခြုံငုံတင်ပြတဲ့အစီရင်ခံစာ Overall Report ကို လန်ဒန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာလှမြင့်က ရေးသားထားခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးအခြေအနေ၊ ၁၉၇၀ အလွန်ကာများတွင် ပြုလုပ်ခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် မည်သို့ကျော်လွှားဖြတ်သန်းသင့်ပုံများကို အခန်း (၈) ခန်း
ခွဲ၍ ရေးသားရှင်းလင်းထားသည်။ လွန်ခဲ့တဲ့ ၄၉ နှစ်က (၁၉၇၂ ခုနှစ်) ထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်သော်လည်း ခေတ်နောက်ကျနေသည့် မြန်မာပြည်အတွက်ကတော့ သင်ခန်းစာယူစရာ အများအပြားပါဝင်သောကြောင့် ပြန်လည်ထုတ်ဝေရခြင်းဖြစ်သည်ဟု စာအုပ်စီစဉ်သူက ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|