|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: အကြီးတော်ဆိုသည်မှာ ကုန်းဘောင်ခေတ်တွင် မင်းသား မင်းသမီးတို့ကို ထိန်းကျောင်းရန်၊ ပညာသင်ပေးရန်၊ ကာကွယ်စောင့်ရှောက်ရန်အတွက် ခန့်အပ်ထားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် မင်းသား မင်းသမီးတို့ ကောင်းမွေသာမက ဆိုးမွေကိုလည်း ခံရတတ်သည်။ ယခုစာအုပ်တွင် ဦးကာဗျာန် (ဥက္ကာပျံ)၊ ဝန်ကြီး ပဒေသရာဇာ၊ တွင်းသင်းမင်းကြီး ဦးထွန်းညို၊ စိန္တကျော်သူ ဦးဩ၊ နေမျိုးမင်းလှကျော်သူ ဦးယာ၊ လက်ဝဲသုန္ဒရ၊ မင်းရဲရာဇာဘွဲ့ခံ ဦးဖျော်၊ ပခန်းမင်းကြီး ဦးရန်ဝေးနှင့် အကြီးတော်ချုပ် ဦးသံမှို အစရှိသည့် စာဆိုတစ်ဖြစ်လဲ အကြီးတော်တို့၏ ထင်ရှားသော စာပေလက်ရာများ၊ သမိုင်းတွင်သော အဆိုအမိန့်များ၊ ဘဝဇာတ်ကြောင်း၊ ရေးသားပြုစု ခဲ့သော စာပေ၊ ထိုခေတ်က ထင်ရှားခဲ့သောစာပေကဏ္ဍများ၊ ခေတ်ပြိုင်စာဆိုများ၊ ခေတ်ကာလအခြေအနေနှင့် လူမှုအဆင့်အတန်း၊ စာပေချစ်မြတ်နိုးသူ အုပ်ချုပ်သူမင်းနှင့် တော်ဝင်မိသားစုများ၊ အကြီးတော်တို့၏ ဂုဏ်ယူလေးစား မြတ်နိုးဖွယ် စိတ်ဓာတ်၊ ဆရာကောင်းပီပီ ကိုယ်ကျိုးစွန့်တတ်သော စိတ်ဓာတ်၊ တပည့်များ ကြုံတွေ့ရသော လောကဓံလှိုင်းနှင့်အတူ အကြီးတော်တို့ပါ လိုက်ပါရပုံများ စသည်တို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၁၉ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ စာပဒေသာ၊ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|