|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာဓမ္မသတ် သမိုင်း (အတွဲ ၁)
-
-
Author(s):
ဦးအောင်သန်းထွန်း
- Type: Myanmar Books
-
Category:
ဥပဒေ
- No of Pages: 116
- Binding: Paperback
- Publication Month Year: 2005
- Size: 17 cm x 24 cm
|
- Description: မြန်မာ့သမိုင်းအထောက်အထားများတွင်တွေ့ရသော မြန်မာဓမ္မသတ်များနှင့် တရားစီရင်ရေးအခန်းကဏ္ဍကို သုတေသနပြုထားသော စာအုပ်ဖြစ်သည်။ မြန်မာဓမ္မသတ်များသည် မြန်မာ့အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့တွင်သာမက မြန်မာ့ယဉ်ကျေးမှုသမိုင်း၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု အစဉ်အလာများ၊ ကိုယ်ကျင့်တရားများ၊ လူမှုရေးစနစ်များတွင် အရေးပါ၍ စိတ်ဝင်စားဖွယ်ကောင်းသော ဘာသာရပ်ဖြစ်သည်။ ဥပဒေလေ့လာသူများ၊ သမိုင်းနှင့် လူမှုရေးသိပ္ပံလေ့လာသူများအတွက် အလွန်အဖိုးထိုက်တန်သော ပညာရပ်ဖြစ်သည်။ စာအုပ်ကို ၃ တွဲခွဲ၍ ထုတ်ဝေထားပြီး ပထမတွဲတွင် ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့၏ မြန်မာဓမ္မသတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ အဆိုအမိန့်များ၊ ဓမ္မသတ် ဂုဏ်အင်္ဂါများ၊ အကျိုးများ၊ သရေခေတ္တရာခေတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်တို့၏ မြန်မာဓမ္မသတ်များအကြောင်းကို သုတေသနပြုထားသည်။ ဒုတိယတွဲတွင် ကုန်းဘောင်ခေတ်နှင့် ကုန်းဘောင်ခေတ်နှောင်း တရားစီရင်ရေးအကြောင်း သုတေသနပြုထားသည်။ တတိယတွဲတွင်မူ ဓမ္မသတ်ပညာ ကျင့်ထုံးများ၊ မြန်မာဓမ္မသတ်များပါ ဥပဒေဆိုရိုးစကားများ(ဝါ)ဆောင်ပုဒ်များ၊ မြန်မာဓမ္မသတ်များပါ ဥပဒေများ၏ အနှစ်ချုပ်ကို အသေးစိတ် သုတေသနပြုထားသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သော မြန်မာ့ဥပဒေနှင့် ဓမ္မသတ်များအကြောင်းကို အသေးစိတ်သိရှိရမည်ဖြစ်သည်။ ၁၉၈၇ ခုနှစ် စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရ စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|