|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကိုလိုနီခေတ်က မန်းမြေတွင် သွေးပွက်ပွက်လွှမ်းခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ရဟန်းရှင်လူ ၁၇ ဦးတိတိ အသက်စတေးခဲ့ရသော ထိုလှုပ်ရှားမှုကြီးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့သူများ၊ သိမှီခဲ့သူများကို ကိုယ်တွေ့မေးမြန်းထားသည်။ ထိုအချိန်က သွေးမြေကျရသည့် ဖြစ်ရပ်များကို မျက်မှောက်ခေတ်သူများ မျက်စိထဲတွင် ကွင်းကွင်းကွက်ကွက် မြင်မိအောင်၊ လွတ်လပ်ရေး၏ တန်ဖိုးကို မြတ်နိုးတတ်လာအောင်၊ လွတ်လပ်ရေးအတွက် ဘဝကိုစတေးရသူများကို စာနာမိလာအောင် ရေးထားနိုင်သည်ကို တွေ့ရသည်။ မြူနှင်းမှုန်တွေကြားက တိုက်ပွဲခေါ်သံ၊ ရေနံမြေသပိတ် ချီတပ်ပြီ၊ မန္တလေးကျောင်းသား သပိတ်၊ ရဟန်းပျိုအဖွဲ့ချုပ်အကြောင်း၊ မန္တလေးမြို့လုံးကျွတ် လူထုအစည်းအဝေးကြီး၊ လူသာအသေခံပြီး အလံမလှဲကြပုံ၊ အာဇာနည်များ၏ ဈာပနမြင်ကွင်း၊ ၁၃ဝဝ ပြည့် သမိုင်းဝင်သီချင်းများ၊ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျခြင်း၊ သွေးကပေးတဲ့ သင်ခန်းစာအပါအဝင် မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံအကြောင်းကို အခန်း ၁၂ ခန်းခွဲကာ တင်ပြထားသည်။ စာအုပ်နှင့်အတူ ရှားပါး မှတ်တမ်းတင်ဓာတ်ပုံများကိုလည်း ရှာဖွေထည့်သွင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|