|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗုဒ္ဓါနုဿတိဘာဝနာ
-
-
Author(s):
ဓမ္မာစရိယဦးအေးနိုင် (ဘီအေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 198
- Binding: Paperback
- Publication Month Year: Mar-2008
- Size: 12 cm x 18 cm
|
- Description: မြတ်ဗုဒ္ဓ ဂုဏ်တော်ကိုးပါးကို ပါဠိ အနက်တွဲဖက်ပြီး ဂုဏ်တော်များ၏ အဓိပ္ပာယ်ကို ဖြည်းဖြည်းခြင်း ဆင်ခြင်အောက်မေ့ပွားများမှ ဗုဒ္ဓနုဿတိဘာဝနာစစ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ဤစာအုပ်တွင် ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါးကို အနက်အဓိပ္ပာယ်နှင့်တကွ ဖော်ပြထားသည့်အပြင် ဗုဒ္ဓနုဿတိဘာဝနာ၏ တန်ခိုးစွမ်းအင် အကျိုးအာနိသင်တို့ကို ပါဠိတော် အဋ္ဌကထာလာ အကျိုးများ၊ ဝတ္ထုသာဓကများ၊ သမိုင်းလာဖြစ်ရပ်အမှန်များနှင့် မျက်မှောက်ကိုယ်တွေ့ဝတ္ထုများဖြင့် တန်ဆာဆင်၍ ရေးသားတင်ပြထားသည်ကို တွေ့ရသည်။ စာအုပ်တွင် အခန်း ၇ ခန်းပါရှိပြီး အခန်း ၁ မှ ၄ မှာ ဗုဒ္ဓနုဿတိဘာဝနာနှင့် ပတ်သက်၍ မှတ်သားဖွယ်၊ အဓိပ္ပာယ်အကျယ်နှင် မြတ်ဗုဒ္ဓဘုရားရှင်၏ ရူပကာယဂုဏ်တော်၊ နာမကာယ ဂုဏ်တော်စသော ဂုဏ်တော်အသွယ်သွယ်တို့ကို ဂုဏ်ရသမြောက်အောင် ရေးသားထားသည်။ အခန်း ၅ တွင် ဗုဒ္ဓနုဿတိဘာဝနာ စစ်စစ်ဖြစ်အောင် ပွားများပုံ ပွားများနည်းများကို ကျမ်းဂန်လာအတိုင်း စနစ်တကျဖော်ပြထားသည်။ အခန်း ၆ နှင့် ၇ တို့တွင်မူ ဗုဒ္ဓနုဿတိ၏ အကျိုးကျေးဇူး အာနိသင်ကို စာဖတ်ပရိသတ်များ စာတွေ့မှ ကိုယ်တွေ့အဖြစ် အားထုတ်ချင်လာအောင် ပါဠိတော် အဋ္ဌကထာအကျိုးများ၊ ဝတ္ထုသာဓကများ၊ သမိုင်းလာဖြစ်ရပ်များ၊ မျက်မှောက်ကိုယ်တွေ့ဝတ္ထုများဖြင့် တန်ဆာဆင်ရေးသားထားသည်ကို တွေ့ရသည်။ စာမြည်းရန်တွင် လေ့လာဖတ်ရှု၍ ရပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|