|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ပြင်သစ်ပြည်တွင် လွန်ခဲ့သော နှစ် ၁ဝဝ ခန့်က လီနိုမန်ဆိုသော အမျိုးသမီး စတင်အသုံးပြုခဲ့သော ဖဲချပ်ကဒ် ၃၆ ကဒ်ပါ ဗေဒင်ဟောနည်းသည် မှန်ကန်တိကျသည်ဟု နာမည်ကျော်ကြားသဖြင့် ပြင်သစ်အစိုးရအဖွဲ့ကပင် သူမကို ခေါ်ပင့်၍ မေးမြန်းခြင်း ခံခဲ့ရသည်။ ထိုနည်းစနစ်သည် ရိုးရှင်းလှပြီး ဖဲချပ် ၃၆ ကဒ်များထဲမှ တစ်ကဒ်ကဒ်ကို ဆွဲယူပြီး ကျရောက်သည့် ကဒ်၏ ပန်းချီပုံပေါ်မူတည်ကာ ဗေဒင်ဟောစတမ်းထုတ်ရခြင်းဖြစ်သည်။ ဆရာကြီးမင်းသိင်္ခသည် ထိုကဒ်နှင့် ဟောစတမ်းများကို နိုင်ငံခြားသင်္ဘောသားတစ်ယောက်ထံမှ လက်ဆောင်ရရှိခဲ့ပြီး အသုံးပြုဟောကြားကြည့်ရာ မှန်ကန်သည်ကို တွေ့ရသောကြောင့် ယခုကဲ့သို့ စာအုပ်အဖြစ် ထုတ်ဝေရခြင်းဖြစ်သည်ဟုဆိုသည်။ ပုံများကို မြန်မာမှု သုတေသီ ပန်းချီဆရာကြီး ဦးအေးမြင့်ထံတွင် မြန်မာပုံများဖြင့် အစားထိုးရေးဆွဲခိုင်းထားပြီး ကတ်ပြားများနှင့် ဟောစတမ်းများကို သပ်သပ်ရပ်ရပ် ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ အပျင်းပြေ အလွယ်ဗေဒင်ကြည့်လိုသူများ သဘောကျကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|