|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာစာပေလေ့လာမှု စစ်တမ်း (အတွဲ ၁)
-
-
Author(s):
ဦးသန်းထိုက် (သုတေသန)
- Type: Myanmar Books
-
Category:
ဘာသာစကား / ဘာသာဗေဒ
- No of Pages: 160
- Binding: Paperback
- Publication Month Year: Feb-2009
- Size: 12 cm x 18 cm
|
- Description: စာရေးသူ၏ မြန်မာစာပေလေ့လာမှု စစ်တမ်းထုတ် ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ စာပေအရေးအဖွဲ့များကို စာရေးသူဘက်က ကြည့်သည့်အမြင်မျိုးမဟုတ်ဘဲ စာဖတ်သူဘက်က ကြည့်သည့် အမြင်မျိုးဖြင့် ရှုမြင်ထားသော ဆောင်းပါးများဖြစ်ကြပြီး မြန်မာစာပေတည်းဟူသော အရေးအသားကို ပုဂ္ဂလစာဖတ်သူတစ်ဦးအနေဖြင့် သူ၏လေ့လာထားချက်များအား ပြန်လည်ရေးသားဖော်ပြထားခြင်းဖြစ်သည်။ မြန်မာစာပေသမိုင်းမှ ကောင်းနိုးရာရာများနှင့် ကြိုက်နှစ်သက်ရာ စာအုပ်စာပေအချို့ကို ရွေးထုတ်ပြီး ရှုထောင့်တစ်ခုခု၊ အမြင်တစ်ခုခု၊ အကြောင်းအရာတစ်ခုခုဖြင့် ပြန်လည်ရေးသားထားသည်။ ယခုအတွဲ ၁ တွင် ဗေဒါလမ်းက ဇော်ဂျီ၊ နတ်ရှင်နောင်၏ ရတုပန်းကို အနက်ကောက်ခြင်း၊ သိန်းဖေမြင့်ရေးသားသော ဆရာအို၏ ပြဿနာတက်နေသော ကိုယ်ကျင့်တရား၊ သာသနဝံသပ္ပဒီပိကာ၊ ဒေါက်တာလှဘေ၏ ဘဝဖြစ်စဉ်နှင့် စာပေလက်ရာများစာရင်း၊ ကမ္ဘာကျော် ဝိသုဒ္ဓိမဂ္ဂကျမ်းကြီး၊ စာပေသမိုင်းအတွင်းရေးနှင့် ကြည့်ကန်ရှင်ကြီး မေတ္တာစာအစရှိသော ဆောင်းပါးများပါရှိသည်။ မြန်မာစာပေအကြောင်းကို လေ့လာလိုသူများ သုတေသနပြုလိုသူများအတွက် များစွာအထောက်အကူပြုမည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|