|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ယနေ့ကမ္ဘာတွင် ကလေးငယ်များအား အရွယ်မရောက်မီ ကွန်ပျူတာအသုံးပြုခိုင်းခြင်းအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများတွင် ဆိုးကျိုးသက်ရောက်မှုရှိပုံလည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ သန္ဓေသား မမွေးဖွားမီ မလိုအပ်ဘဲ အက်ထရာဆောင်းရိုက်ခြင်းကြောင့် သန္ဓေသားကို အန္တရာယ်ပေးနိုင်ပုံများကိုလည်းကောင်း သိရှိနိုင်ရန် ရေးသားထားခြင်းဖြစ်သည်။ ကွန်ပျူတာ အန္တရာယ်အခန်းတွင် ကလေးငယ်များအတွက် ကွန်ပျူတာ လို မလို၊ ကွန်ပျူတာ စောစီးစွာအသုံးပြုခြင်းသည် ကလေးငယ်များ၏ တွေးခေါ်မှုနှင့် ဆန်းသစ်တီထွင်မှု ကျဆင်းစေပုံ၊ စာဖတ် စာရေးခြင်းနှင့် စာလုံးပေါင်းခြင်းများကို ကွန်ပျူတာနှင့် ပြုလုပ်ပါက ကလေးငယ်များ၏ အရေး အပြောစွမ်းရည်များ ကျဆင်းသွားတတ်ပုံ၊ ကွန်ပျူတာကြောင့် ဖြစ်ပွားရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ ကွန်ပျူတာ အသုံးပြုမှုကြောင့် RSIခေါ် ကြွက်သားပြဿနာဖြစ်ပွားတတ်ပုံ၊ အမြင်အာရုံချို့တဲ့မှုနှင့် ကွန်ပျူတာ သုတေသန တွေ့ရှိချက်၊ အာရုံစူးစိုက်မှု လျော့နည်းကာ ဂနာမငြိမ်ဖြစ်ခြင်း(ADHD)သည် ကွန်ပျူတာနှင့် TVတို့ကြောင့် ဖြစ်ပွားတတ်ပုံများကို နောက်ဆုံးတွေ့ရှိချက်များနှင့်အတူ ဖတ်ရှုကြရမည့်အပြင် ကွန်ပျူတာ ဘေးကင်းအောင်သုံးနည်းနှင့် RSIလက္ခဏာကာကွယ်နည်းများကိုလည်း စာဖတ်သူများအား ဝေငှပေးထားသည်။ အက်ထရာဆောင်းအန္တရာယ်အခန်းတွင် အက်ထရာဆောင်း၏ သဘောတရား၊ မလိုအပ်ဘဲ အက်ဆောင်းရိုက်ခြင်းကြောင့် လမပြည့်မွေးဖွားခြင်း၊ ပေါင်မပြည့် မွေးဖွားခြင်း၊ သားပျက်သားလျော ဖြစ်ခြင်း၊ သန္ဓေသား သေဆုံးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သွေးခဲခြင်း၊ ဆဲလ်အတွင်းမှ DNAများကို ပျက်စီးစေခြင်း၊ အူအဖွဲ့အစည်းတွင် သွေးယိုစိမ့်မှုဖြစ်စေခြင်းများ ဖြစ်စေတတ်ပုံကို သက်သေအထောက်အထား အချက်အလက်များစွာနှင့်တကွ ဆွေးနွေးတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|